နေပြည်တော်လယ်ဝေးတွင် ရုတ်တရက် ရေကြီးမှုကြောင့် နေအိမ်အများအပြား ပြောင်းရွှေ့ခဲ့ရ 
 
နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ မိုးသည်းထန် ရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးပြီး လူနေအိမ် အများအပြား ရေနစ်မြုပ်လို့ ဒေသခံတွေ ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ 
စက်တင်ဘာ ၂၉ ရက်က စတင်ပြီး အဆက်မပြတ် ရွာသွန်းတဲ့မိုးဒဏ်ကြောင့် လယ်ဝေးမြို့နယ်၊ ရုံးပင်အုပ်စု၊ ငှက်ပျောတောရွာကနေအိမ်တွေထဲ ရေဝင်ရောက်လာတဲ့အတွက် စက်တင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ နေအိမ်တွေထဲက ဒေသခံတွေကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတာလို့ သိရပါတယ်။
 
         
 
		  
		 
		 
		 
		 
		 
                