ကြက်သားဘူးသီးချက် 
-------------------------- 
ပါဝင်ပစ္စည်းများ 
• ကြက်သား - ၄ဝဝ ဂရမ် (အရိုးနှင့် အသား) 
• ဘူးသီး - ၂ဝဝ ဂရမ် 
• ဆီ - စားပွဲဇွန်း ၃ ဇွန်း 
• ကြက်သွန်နီ - ၂၀ ဂရမ် 
• ကြက်သွန်ဖြူ - ၁၀ ဂရမ် 
• စပါးလင် - ၂ ချောင်း 
• ချင်း - ၇ ဂရမ် 
• ပင်စိမ်းရွက် - ၂ ခက် 
• ငရုတ်သီးစိမ်း - ၅ တောင့် 
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း 
• ခရုဆီ - စားပွဲဇွန်း ၂ ဇွန်း 
• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁ ဇွန်း 
• ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း 
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း 
• ရေ - ၅ဝဝ မီလီလီတာ 
ပြုလုပ်နည်း 
၁။ ကြက်သား (အရိုးနှင့် အသား) ကို အနေတော်အတုံးလေးများ တုံးပါ။ ကြက်သား 
များကို ဇလုံထဲ ထည့်ပြီး ဆား၊ ပဲငံပြာရည်အကြည်၊ ခရုဆီနှင့် နနွင်းမှုန့်တို့ကိုလည်း ထည့်၍ သမအောင် နယ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။ 
၂။ ချင်း၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ကြေညက်အောင် ထောင်းထားပါ။ စပါး လင်ကို အခွံကြမ်းခွာပြီး ထက်ခြမ်းခွဲထားပါ။ 
၃။ ဘူးသီးကို အခွံနွှာ၍ အနေတော်အတုံးလေးများတုံးပြီး ဆားအနည်းငယ်ထည့်ကာ နယ်ထားပါ။ အိုးထဲ ဆီအနည်းငယ်ထည့်၍ ဘူးသီးအပြင်အသားများ တင်းသွားသည် အထိ အိုးပူကပ်မွှေပေးပြီး ပန်းကန်လုံးထဲ ထည့်ထားပါ။ 
၄။ အိုးထဲ ဆီအနည်းငယ်ထည့်၍ ထောင်းထားသော ကြက်သွန်ဖြူနှင့် ချင်းကို ထည့်ပြီး ဆီသတ်ပါ။ ငရုတ်သီးအစိမ်းမှုန့်၊ စပါးလင်နှင့် နှပ်ထားသော ကြက်သားများထည့်ပြီး ကြက်သားများ ဆီပြန်လာသည်အထိ မွှေပါ။ ကြက်သားများ ဆီပြန်လာလျှင် ရေထည့် ၍ ကြက်သားများ အနည်းငယ်နူးအိသည်အထိ အဖုံးဖုံးပြီး ချက်ပါ။ ထည့်ထားသော ရေ သုံးပုံ နှစ်ပုံခန့် ကျန်လျှင် အိုးပူကပ်ထားသော ဘူးသီးများ၊ ငရုတ်သီးစိမ်းများ 
ထည့်ပြီး ဘူးသီးများ နူးသည်အထိ ဆက်၍ တည်ပါ။ ဘူးသီးများ နူးအိလာလျှင် ပင်စိမ်းရွက်များကို အပေါ်မှအုပ်ပြီး ထမင်းနှင့် တွဲဖက်စားသုံးနိုင်ပါပြီ။
 
         
 
		  
		 
		 
		 
                