ဒေစီလို့ခေါ်တဲ့ အာဝုလေးက သူ့ရဲ့အဖော်ဖြစ်တဲ့ အာဝုလေးကို မီးလောင်ထဲမှာ တစ်ကောင်တည်း မထားရက်ခဲ့ဘဲ ကယ်တင်ဖို့ အကူအညီတောင်းခဲ့ပါတယ်။ မီးသတ်သမားက “ကျနော် ဒေစီကို တွေ့တဲ့အချိန်မှာ ဒီအာဝုလေးက ကျနော့်ကို တစ်ခုခု တောင်းဆိုနေတဲ့ပုံစံပါပဲ“ 
 “အဲ့ဒီအချိန်မှာ တစ်အိမ်လုံးက တဖြည်းဖြည်းနဲ့ မီးခိုးငွေ့တွေ ဖုံးလွှမ်းလာပါပြီ။ သူ့ကို ကျနော် ချီထုတ်တော့ သူက ကျနော့်အင်္ကျီစကို လက်နဲ့ ကိုက်ထားပါတယ်။ လုံးဝကို မလွှတ်ပေးတာပါ။ နောက်ဆုံး ကျနော် သူ့ကို အောက်ချပေးပြီး သူ့နောက်ကို လိုက်သွားရတော့တယ်” 
“နောက်ဖေးတံခါးပေါက်ကို သူက ဖြတ်ဝင်သွားတယ်၊ ပြီးတော့ ဂိုဒေါင်ထဲကို ဝင်သွားတယ်။ အဲ့ဒီမှာ နေမကောင်းဖြစ်နေပုံရတဲ့ Golden Retriever လေးကို ကျနော် မြင်ရတော့တာပဲ။ သူ့ခြေထောက်တွေမှာ ပတ်တီးတွေ စည်းထားပြီး သူက ဒီအတိုင်းကို ထိုင်နေရတာ” 
 “နေရာက အရမ်းကိုလည်း ပူလောင်နေသလို သူကလည်း အရမ်းကို ကြောက်ရွံ့နေပြီ။ ဒေစီက ကျနော် ဒီအာဝုလေးကို မချီမချင်း  ဟောင်နေခဲ့တာ။ အဲ့ဒါနဲ့ ကျနော် သူ့ကို ချီပြီးတော့ ဒေစီလည်း အတူတူ အိမ်ထဲကနေ ထွက်လာခဲ့ပါတယ်”  
“နောက်မှ ပိုင်ရှင်တွေ ရောက်လာတော့ သိလိုက်ရတာ ဒေစီ ကယ်တင်ခိုင်းတဲ့ အာဝုလေးက လုံးဝကို လမ်းမလျှောက်နိုင်တာ။ ရော့ကီလို့ ခေါ်တယ် သူ့ကို။ အဲ့ဒီမီးမလောင်ခင် ရက်ပိုင်းအလိုကမှ ရော့ကီက ဒေစီကို ကာကွယ်ပေးရင်းနဲ့ ဒဏ်ရာရပြီး အခုလိုဖြစ်နေတာ”  
 “အိမ်ရှင်တွေ ပြောတာက သူတို့နှစ်ယောက်ကို ခွဲထားလို့မရဘူးတဲ့ဗျာ” လို့ ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ တိလေးတွေပင်ဖြစ်လင့်ကစား ကိုယ်ပဲ လွတ်မြောက်ဖို့ မတွေးဘဲ သူ့ကို ကာကွယ်ပေးခဲ့ဖူးတဲ့၊ သူ့ရဲ့ အသက်သခင်ကျေးဇူးရှင်လေးကိုပါ လွတ်မြောက်ဖို့ ကြိုးစားပေးခဲ့တဲ့ အာဝုလေးတွေရဲ့ လုပ်ရပ်တွေကတော့ တိချစ်သူတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။
 
         
 
		  
		 
		 
                