အလှမွေးငါးဝါသနာရှင်များအတွက်ပါ 
ငါးချစ်သူအများစုရဲ့ အသည်းစွဲငါးလေးပါ ဝါသနာရှင်တော်တော်များများကလဲ Gold fish တွေနဲ့ပဲသူတို့ရဲ့ဝါသနာကိုအစပျိုးခဲ့ကြတယ် ဒီpostကတော့ ဘယ်ငါးမွေးမွေး သိသင့်သိထိုက်တဲ့အခြေခံလိုအပ်ချက်လေးတွေပါ 
အဓိက လိုအပ်ချက်ကတော့ 
နံပါတ် ( ၁ ) 
ငါးကန်ပေါ့နော် ငါးကန်လို့ပြောပေးမဲ့ Gold fish အတွက်ကတော့ 4/5ကောင်မွေးမယ်ဆို 2’1′ လောက်နဲ့စစေချင်တယ် ဘာကြောင့်လဲ ငါးတွေကိုအခုမှစမွေးမှာဆိုတော့ ငါးကန်ထဲမှာကန်နဲ့မလိုက်အောင်ငါးတွေများပြီး oxygen မဝတာ 
ရေညစ်ညမ်းမှုပိုများတာတွေဖြစ်စေနိုင်တယ် အဲ့တော့ 4/5ကောင်မွေးမယ်ဆို 2’1’ကန်လောက်တော့အနည်းဆုံးလုပ်ပေးပါ 
နံပါတ် ( ၂ ) 
ရေအမျိုးအစား ရေအမျိုးအစားဆိုလို့ ငါးပဲကွာ ရေပိုက်ကလာတဲ့ရေ ထည့်ဖြည့်ရုံပဲမဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်ဗျာ ဒါပေမဲ့ ရေတော့ရေပဲ oxygen ပျော်ဝင်မှုနည်း/များ တဲ့ရေ 
ရေရဲ့ ph (ချဉ်နှုန်း/ငံနှုန်း) မတိကျတဲ့ရေနဲ့ 
ရေရဲ့ water mineral တွေ ပါဝင်မှုရှိ/မရှိတဲ့ရေ ဆိုပြီး ကွာပါသေးတယ် 
အဲ့တော့ဘယ်လိုပြင်ဆင်မလဲ oxygen ပျော်ဝင်မှုနဲတဲ့ရေတွေကို ကန်ထဲငါးမထည့်ပဲ oxygen ပြင်းပြင်းနဲ့ ၁ရက်လောက်ထားတာပဲဖြစ်ဖြစ် အုတ်ကန် တိုင်ကီ ကန်ကျယ်ကျယ်နဲ့ တစ်ညတစ်ရက် ထားတာပဲဖြစ်ဖြစ် ပြုပြင်နိုင်ပါတယ် 
နောက်ရဲ့ ငံနှုန်း ချဉ်နှုန်းကိုလဲph test kit နဲ့စမ်းပြီဲး ကိုယ့်ရဲ့ငါးနဲ့ကိုက်ညီတဲ့ ph level ရောက်အောင် ပြုပြင်နိုင်ပါတယ် 
water minerals ဆိုတာကတော့ တချို့က ငါးတွေကို ပိုမိုကောင်းစေချင်တဲ့ဆန္ဒကြောင့်လားတော့မသိဘူး ရေသန့်တွေကိုအသုံးပြုကြတယ် ဒါဟာ မှားပါတယ် ရေသန့်တွေဟာ ငါးအတွက်လိုအပ်တဲ့(လူတွေအတွက်မလိုအပ်)တဲ့ water mineral တွေဖယ်ရှားထားတဲ့အတွက် ငါးကို ကောင်းကျိုးပြုမှုနည်းပါတယ် ဒါကြောင့် ဘယ်ငါးမွေးမွေး ရေကအစ ပြင်ဆင်ထားသင့်ပါတယ် 
နံပါတ် ( ၃ ) 
Air pump/stone 
Filter 
Heater 
Thermometer 
အဲ့ဒီပစ္စည်းတွေကတော့ ငါးမွေးထားသူတိုင်းအတွက် မရှိမဖြစ် လိုအပ်ပစ္စည်းတွေပါ air pump/stone ကိုရွေးချယ်ရင် ကိုယ့်ကန်နဲ့လိုက်မဲ့ oxygen ပျော်ဝင်မှုအားကောင်းစေတဲ့ air pump နဲ့ air stone ကိုရွေးချယ်စေချင်ပါတယ် 
နောက်filter ကိုလဲ ငါးအမျိုးအစားအပေါ်လိုက်ပြီး တပ်ဆင်ပေးရပါဦးမယ် 
ငါးကသေးလားကြီးလား ရေငြိမ်ကြိုက်လား ရေရှင်ကြိုက်လား ငါးကစွန့်ပစ္စည်းများလား နည်းလား စတဲ့အပေါ်မှာမူတည်ပြီး ရွေးချယ်ပေးရပါမယ် 
Heater ကိုလဲ ငါးတွေရဲ့သဘာဝပေါ့မူတည်ပြီးချိန်ညှိပေးရပါတယ် 
အပူချိန်အမျိုးမျိုးကို သိနိုင်ဖို့အတွက်လဲ thermometer ကိုဆောင်သင့်ပါတယ် 
နံပါတ် ( ၄ ) 
Decoration 
အလှမွေးပြီ ဆိုမှတော့ဗျာ ငါးကန်လေးတွေကို လှနေအောင်ပြင်ဆင်ခြင်တာပေါ့ ပြင်လို့ရပါတယ် ဒါပေမဲ့ ကိုယ်မွေးထားတဲ့ငါးနဲ့ အလှဆင်ပစ္စည်းတွေက ကိုက်ညီ၏ မကိုက်ညီ၏ စဉ်းစားသင့်ပါတယ် ဥပမာဗျာ ကိုယ်မွေးထားတဲ့ငါးက 
ခင်းထားတဲ့ soil တွေအရမ်းဖွမယ်ဆို ကန်ကရေကအမြဲနောက်နေမှာပဲ 
နောက် ကျောက်ဆောင် အပင်တုတွေထည့်ထားလို့ ငါးတွေက အစာအမှတ်နဲ့ကိုက်မိတာ အချွန်အတက်တွေနဲ့ခြစ်မိတာတွေဖြစ်ရင် အနာတွေဖြစ် အနာတွေကနေ ပိုးဝင်ပြီး ရောဂါအထိ ဖြစ်နိုင်ပါတယ် 
ဒါကြောင့် မွေးမဲ့ငါးနဲ့ decoration တွေကိုချိန်ညှိကြစေချင်တယ် 
နံပါတ် ( ၅ ) 
နေရာအထားအသိုနဲ့အလင်းရောင် 
အလှမွေးငါးချစ်သူတွေက ကိုယ့်ရဲ့ ငါးကန်လေးကို အိမ်လာလည်တဲ့ဧည့်သည် တော်တော်များများကို ကြွားချင်ကြတယ် ဒါကြောင့် ကိုယ့်ရဲ့ကန်လေးကို အိမ်ရှေ့မှာဖြစ်ဖြစ် အလုပ်စားပွဲပေါ်မှာဖြစ်ဖြစ် ထားထားတတ်ကြတယ် 
ကိုယ်ဆိုလဲ ကြွားချင်တဲ့အခါ အဲ့လိုထားတတ်တာပဲ ကိစ္စမရှိပါဘူး 
အလှထားပြီး ကြွားချင်ပေမဲ့ ကိုယ့်ကောင်လေးတွေက ခြောင်ကပ်နေတာ အစားမစားဘဲ မှိုင်နေတာတွေဖြစ်လာရင် ကြည့်ရတာဆိုးလှပါတယ် ဒါဆို ငါးရဲ့ရောဂါအခြေအနေနဲ့ ကိုယ့်ရဲ့ အထားအသို မှန်ကန်မှုရှိမရှိ လေးကိုပြန်စဉ်းစားကြည့်ကြတာပေါ့ ရောဂါကြောင့်ဆိုရင်တော့ကုသရင်ပြန်သက်သာလာမှာပါ နေရာကြောင့်ဆိုရင်တော့ ကိုယ်က ပြန်ပြင်ဆင်ဖို့လိုလာပါပြီ လူကြောက်တာလား ကန်မယဉ်သေးတာလား သေချာပြန်ဂရုစိုက်ရတော့မယ် နောက် ငါးချစ်သူတွေက ငါးကန်မှာ မီးတွေနဲ့ အလှဆင်ကြပါတယ် အဲ့လို မီးတွေရဲ့စူးရှမှုနဲ့ အရောင်တွေကြောင့်လဲ ငါးတွေကမှိုင်နေတတ်ပါတယ် ဒါကြောင့် နေရာအထားအသိုနဲ့ အလင်းကို ဂရုစိုက်ဖို့လိုအပ်ပါတယ် 
နံပါတ် ( ၆ ) 
အစာ 
အလှမွေးကန်ထဲကငါးလေးတွေက လူတွေဖန်တီးကျွေးတဲ့အစာကိုသာစားကြရပါတယ် ကျန်းမာတဲ့အစားအသောက်တွေကလဲ ငါးတစ်ကောင်ရဲ့အသက်ရှည်ခြင်းကိုဖြစ်စေပါတယ် 
ဒါကြောင့်protein vitamin စတာတွေကို မျှတအောင်ကျွေးရပါမယ်မိမိငါးနဲ့သင့်တော်မဲ့အစာကိုရွေးပေးရပါမယ် 
အစာတစ်မျိုးထဲ အမြဲကျွေးနေတာထက် အပြောင်းအလဲလုပ်ပြီးကျွေးတာကလဲပိုကောင်းစေပါတယ် 
နံပါတ် ( ၇ ) 
Tankmate 
ငါးချစ်သူအများစုကငါးတစ်မျိုးထဲကို ကြာရှည်စွဲမွေးနာထက် နောက်ထပ်ငါးအသစ်အဆန်းလေးတွေကိုလဲထပ်ထည့်ချင်ကြပါတယ် အဲ့တော့ကန်အရွယ်အစားနဲ့မိမိမွေးမဲ့ငါးလေးတွေအပေါ် အဆင်ပြေမဲ့ငါးအသစ်တွေကိုပဲထည့်စေချင်ပါတယ်


 +5
                  +5
               
 
		 


 
          
        
         
		 
		 
                