UWSA ၏ (၁၇၁) စစ်ဒေသ အတွင်း ဖမ်းမိသော မူးယစ်ဆေးဝါးများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်း
စက်တင်ဘာ ၂၉
UWSA ၏ (၁၇၁) စစ်ဒေသ အတွင်း ဖမ်းမိသော မူးယစ်ဆေးဝါးများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားကို ယနေ့ (စက်တင်ဘာလ ၂၉ ရက်) တွင် ပြုလုပ်ခဲ့ကြောင်း UWSA မှ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ဖော်ပြ အသိပေးထားသည်။
UWSA က ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ စသည်ဖြင့် မြန်မာ - ထိုင်း နယ်စပ် အနီး ရှိ ဒေသများကို ဝ တောင်ပိုင်း (၁၇၁) စစ်ဒေသ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ယခု လွှဲပြောင်းပေးအပ်ခဲ့သော မူးယစ်ဆေးဝါးများမှာ ယခုနှစ် ဇူလိုင်လ စက်တင်ဘာလအတွင်း (၄) ကြိမ် ဖမ်းဆီးရမိခဲ့သော စိတ်ကြွရူးသွပ်ဆေးပြား (၁၄) သန်းခန့် ဖြစ်ကြောင်း သိရသည်။
ယင်းတို့ကို မိုင်းတုံမြို့နယ်တွင် အခမ်းအနား ဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Credit - NP News Agency
#သတင်းဟင်းလေးအိုးကြီး