တပ်မတော်စစ်ကြောင်းများ ကျောက်မဲမြို့အနီး ခိုမုန်းရွာသို့ရောက်ရှိနေပြီ
စက်တင်ဘာ ၂၉
TNLA ထိန်းချုပ်ထားသော ကျောက်မဲမြို့သို့ ထိုးစစ်ဆင်နေသော တပ်မတော်စစ်ကြောင်းများသည် ယစက်တင်ဘာ ၂၉ရက်တွင် မြို့အနီးရှိ ခိုမုန်းကျေးရွာသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
တပ်မတော်စစ်ကြောင်းများသည် ကျောက်မဲမြို့သို့ ထိုးစစ်ဆင်ရန် ပြီးခဲ့သည့် ဩဂုတ်လ တတိယအပတ်ကစတင်လာခဲ့ခြင်းဖြစ်ပြီး ထန်းတပင်၊ ပင်တိန်၊ မက်မန်း(ကုန်းသာ)၊ နောင်ပိန်၊ ခိုက်တုန်ဟုန်း ကျေးရွာတို့ရှိ TNLA စခန်းများကို သိမ်ပိုက်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျေက်မဲမြို့ဧရိယာအတွင်းပါဝင်သော ခိုမုန်းကျေးရွာသို့ရောက်လာပြီဖြစ်ကြောင်း သိရသည်။
“အခုတောင် ခိုမုန်းရောက်နေပြီ။ ခိုမုန်းဆိုရင် မြို့နဲ့ (၂)မိုင်လောက်ပဲဝေးတော့တာ။ ခိုမုန်းဆို မြို့နဲ့ကပ်နေပြီလေ။ အခုတောင် အနီးစပ်ဆုံး ကိုရောက်ပြီလေ။ ဒီမြို့ဧရိယာပြီးတာနဲ့ အဲဒီရွာကို တန်းရောက်တာပဲ။ မြို့ဧရိယာက လမ်းခွဲထိပဲလေ။ လမ်းခွဲနဲ့ ခိုမုန်းဆိုတာက ကပ်ရပ် ပဲကို။ ရောက်ပြီလို့တောင်ပြောလို့ရတာပေါ့။ မြို့ဧရိယာထဲကိုရောက်ပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ခိုမုန်းကျေးရွာသို့ တပ်မတော်ထိုးစစ်ဆင်ချိန်တွင် TNLA အဖွဲ့ဝင်များက ပြည်သူပိုင်နေအိမ်များအတွင်း ဝင်ရောက်နေရာယူကာ ခံစစ်စစ်ခြင်းများ ရှိနေကြောင်းလည်း သိရသည်။
ကျောက်မဲမြို့ပေါ်ရှိ TNLA များ အနေဖြင့် ၎င်းတို့အလံများအားဖြုတ်ခြင်း၊ ဆိုင်းဘုတ်များကို ဖြုတ်ချခြင်းများ ပြုလုပ်ကာ မြို့မှ ထွက်ခွာရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ်လမ်းမပေါ်ရှိ TNLA တို့ (၁) နှစ်ကျော် နောင်ချိုမြို့ကို တပ်မတော်က ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်တွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
Credit - NP News Agency
#centralnewsnaypyitaw