7 w - Translate

ထိုင်းနိုင်ငံ၊ခွန်ကလ်မြို့ဘက်၊ တောကျတဲ့တနေရာမှာမီးခိုးအညော်နံ့တွေ၊ ထွက်လို့ သွားကြည့်တာ ကားတာရာတွေနဲ့၊ မီးရှို့ထားတဲ့ အမျိုးသား၁ဦး အလောင်း၊အလောင်းက အပေါ်ပိုင်းကျန်နေသေးပီး၊ခါးအောက်ပိုင်းတခုလုံး မီးလောင်သွားပီ။
အလောင်းရဲဦးခေါင်းမှာ၊ ထုရိုက်ခံထားရတဲ့၊ဒဏ်ရာကြီးတခု၊ ရဲတွေ CCTV မှာကြည့်တော့၊ လူ€-တ်-သမားဟာ အင်ကျီနီ၊ဘောင်းဘီတို၊ဝတ်ဆင်ထားပီး၊ သူက အလောင်းကို ဆီလောင်းမီးရှို့နေပီး၊ပါးစပ်ကလဲ ပွစိပွစိ ရွတ်ဖတ်နေတယ်။
ရဲတွေ သူ့ကိုမိသွားတော့၊ ဦးနှောက်မပြည့်တဲ့ သူတဦးလို့သိရတယ်။ ဟိုပြောဒီပြောရှောက်ပြောနေပီး၊ သူ့အိပ်ထဲမှာ ဓ-ား၊မီးခြစ်၊ကို တွေ့ရပီး၊ သူ့ဘောင်းဘီ အင်ကျီတွေက ဆီတွေရွဲနေတယ်။ ဒီဆီတွေက အလောင်းကို မီးရှို့စဉ်က အင်ကျီမှာ စိုသွားခဲ့တာ။
ဆုံးသွားတဲ့သူဟာ အိမ်ရာမဲ့ တဦးဖြစ်ပီး၊ အဲဒီနေရာမှာ နေလာခဲ့တာကြာပီ၊ မည်သူ့ကိုမှ အပူမပေးပဲ ရွာကသူတွေကို အလုပ်တွေ ဝိုင်းကူလုပ်ပေးလေ့ရှိတယ်။
သူဆုံးသွားတော့ ရွာသားတွေက လူ-€-တ်-သမားကို သူက…..နင့်ကို …ဘာလုပ်နေလို့ ဒီလိုလုပ်ရတာလဲ? လို့ မေးမြန်းခဲ့တယ်။ အိမ်ရာမဲ့ တဦးဖြစ်ပေမဲ့၊ဆုံးသွားသူ တရားမျှတမှု ရအောင် ရွာသားတွေက ရဲကိုတိုင်ကြားခဲ့တာ ဖြစ်တယ်။
ဆုံးသွားသူကို ဘာကြောင့် €-တ်-ရတာလဲ?ဆိုတဲ့ အဖြေကို သိချင်နေကြတယ်။ ဦးနှောက်မပြည့်ဘူးဆိုတာလဲ သိပ်မယုံကြဘူး။ အရူးအကွက်နင်းတာလား(သို့) တကယ်ပဲ မပြည့်တာလားဆိုတာ ကိုတော့ ရဲကဆက်လက် စစ်ဆေးသွားပါ့မယ်ဗျ

image