အင်္ကျီအဖြူ၊ အဖြူထည်ပေါ်က အဝါရောင်အစွန်းအထင်းတွေကို အလွယ်တကူ ဖယ်ရှားပစ်နိုင်မယ့် နည်း 📚✍️
(ရေနွေးနဲ့ပြုတ်ဖို့ အချိန်ဖြုန်းစရာမလို) 🧺✨
(အင်္ကျီပေါ်က ပုံနှိပ်စတစ်ကာတွေလည်း မပျက်စီးပါဘူး!)
လိုအပ်သည့်ပစ္စည်းများ......
* ရှာလကာရည် ၄ ဇွန်းခန့်
* ပန်းကန်ဆေးဆပ်ပြာရည် ၁ ဇွန်း
* အဝတ်လျှော်ဆပ်ပြာမှုန့် ၁ ဇွန်း
* ရေသန့် ပုံးအသေးတစ်ဝက်
✏️ ပြုလုပ်ပုံအဆင့်ဆင့်.......
ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပါ။
ထို့နောက် အဝါရောင်အစွန်းအထင်းရှိသည့် အဝတ်အဖြူကို မိနစ် ၃၀ ခန့် စိမ်ထားပါ။
စိမ်ပြီးနောက် အသာအယာ ပွတ်လျှော်ကြည့်ပါ။ အဝါရောင်အစွန်းအထင်း သို့မဟုတ် မှိုစွဲနေသည့် အနက်ရောင်အစက်အပြောက်များ အလွယ်တကူ ထွက်သွားပါလိမ့်မယ်။
အရင်က ဝါကျင့်ကျင့်ဖြစ်နေတဲ့ အင်္ကျီအဖြူတွေဟာ ပြန်လျှော်ပြီးတဲ့အခါ ပိုမို တောက်ပလင်းလက်ပြီး ဝတ်ချင်စဖွယ် ဖြစ်လာပါလိမ့်မယ် 👍။
ဒီနည်းလမ်းက အရမ်းထိရောက်ပြီး ချွေတာရာလည်းရောက်၊ အဝတ်အစားကိုလည်း မထိခိုက်စေလို့ ကျွန်တော်တို့ သဘောကျမိပါတယ် 🥰။