ဖိုးစွာ(စ/ဆုံး)
…ဝေါင်း…
ဝုတ်..ဝုတ်.ဝုတ်……
အမေရေ…..ခွေးတွေတော့….
တဆက်ထဲထွက်လာတဲ့အသံတွေနဲ့အတူ
မုန့်ထုတ်တွေကိုင်ပြီးပြေးလာတဲ့အိမ်ကသမီးနဲ့…နောက်ကခွေးတအုပ်ကြောင့်
ကျမအိမ်ပေါ်ကနေ အမြန်ပြေးဆင်းရပါတယ်….
ကိုက် မိမယ်..မပြေးနဲ့ရပ်နေလိုက်…
ပါးစပ်ကလဲအော်ရင်း…
သူတို့နားရောက်သွားတဲ့ကျမ…
မျက်စိရှေ့မြင်ရတဲ့သစ်ကိုင်းခြောက်တခုနဲ့
ခွေးအုပ်ကိုမောင်းရပါတယ်….
အခန်းနားနီးချင်းတွေထွက်လာပြီးတော့…
ဝိုင်းမောင်းတော့မှ…
ခွေးအဖြူအမည်းစပ်ကြီး
သွားတဖြဲဖြဲနဲ့နောက်ဆုတ်သွားပါတယ်…
သူနောက်ဆုတ်မှ…ကျန်တဲ့ကောင်တွေက…
ဆုတ်ကြပါတယ်…..
အင်း….သူကခေါင်းဆောင်ဖြစ်မယ်ထင်ပါရဲ့….။
၂။
ကျမအ ခု ပြောင်းလာတဲ့အိမ်ရာဝန်းထဲမှာ
ခွေးမရှိပါဘူး…
ဒါပေမယ့်..အိမ်ရာဝန်းအပြင်မှာတော့
လမ်းဘေးခွေးအကောင်နှစ်ဆယ်လောက်ဟာ..
နေ့နေ့ ညည မင်းမူသောင်းကျန်းနေတါပါပဲ..
သူတို့အုပ်စုရဲ့…ခေါင်းဆောင်ဖြူမည်းစပ်
ထွားထွားကြီးက တော်တော်အရာရောက်ပံုရပါတယ်…သူကအမိန့်ပေးရင်ကျန်တဲ့ကောင်တွေက အကုန်လိုက်နာကြတယ်…
ခွေးစာကျွေးသူတွေက….လမ်းထဲလာကျွေးနေတော့…လမ်းဘေးခွေးအုပ်စုကလဲ..အဖွဲ့တောင့်လာပါတော့တယ်…ခေါင်းဆောင်ခွေးကြီးကိုအဲ့ဒီနားကလူတွေကဖိုးစွာလို့ခေါ်ပြီး
ကျမနဲ့ခေါင်းဆောင်ခွေးကြီး…ဖိုးစွာတို့ရဲ့…
တွေ့ဆုံမှုကလဲ ပဋိပက္ခတွေနဲ့ပါ…
၃။
ကျမက အရောင်တောက်တောက်အင်္ကျီတွေကိုကြိုက်တတ်လို့…တောင်ကြီးရာသီဥတုကလဲအမြဲကိုယ့်ဖက်ပါနေတဲ့အခါ….အနွေးထည်အရောင်တောက်တောက်တွေကို…အမြဲဝတ်ပါတယ်…ဝယ်လိုက်ရင်လဲ.အဝါရောင်..
ပန်းဆီရောင်….ဖက်ဖူးရောင်တို့လို….
အရောင်တွေကြည့်ပါပဲ….
အရောင်တောက်တောက်ကိုမုန်းပုံရတဲ့ဖိုးစွာဟာ…ကျမကိုမြင်တိုင်းသွားကြီးဖြဲပြီး..
လိုက်ဆွဲတာ…လိုက်ဟောင်တာကိုအမြဲလုပ်ပါတယ်…သူ့နောက်လိုက်တွေကို
ကျမက
ထမင်းကျွေးရင်း…မုန့်ကျွေးရင်းခင်နေပေ
မယ့်…ဖိုးစွာကို ကျမ ဘယ် လိုနည်းနဲ့မှစည်းရုံးလို့မရပါဘူး…သူကအင်မတန်မာနကြီးတဲ့ခွေးတစ်ကောင်ပါပဲ….
၄။
တကယ်ကဖိုးစွာမှာသခင်ရှိပါတယ်…
ဖိုးစွာရဲ့အိမ်ရှင်က…ဖိုးစွာအိမ်ထဲကနေ
ဟောင်လွန်း အူလွန်းလို့..အိမ်ပြင်ထုတ်ထားတာပါ….အိမ်ပြင်နံရံမှာ…သွပ်ပြားတွေကိုကာပြီးအထဲမှာအခင်းတွေဘာတွေနဲ့….ထမင်းပန်ကန်..ရေခွက်ကအစ…သန့်သန့်ရှင်းရှင်းထားပေးထားတါပါ…ကျမ ဖိုးစွာအိမ်ကိုသွားချောင်းတဲ့နေ့က…သူကျမကို…ရန်လိုပြီး
အိမ်မာန်တွေတက်နေပါတယ်…
ကျမက ဝန်ထမ်းအိမ်မှာနေတဲ့သူလေ…
သူကအိမ်ပိုင်နဲ့ဆိုတော့..သူကမာနကြီးတာပေါ့….ကျမကလဲတစ်နေ့တစ်နေ့ဖိုးစွာကိုမှ..
စိတ်တိုအောင်မလုပ်ရရင်….မနေနိုင်တော့လောက်အောင်…ဖြစ်နေပါပြီ….
ဖိုးစွာကလဲ….အရောင်တောက်တောက်နဲ့
ကျမကိုမြင်တိုင်း….ဟောင်မြဲ.လိုက်ဆွဲမြဲ..
ကျမကလဲ…ဖိုးစွာရှေ့ကနေ…သူမုန်းတဲ့အင်္ကျီတွေဝတ်ပြီးဖြတ်မြဲ….
သူ့ရှေ့ရောက်ရင်ကို…
ကျမ…က.သူစိတ်တိုအောင်စချင်နောက်ချင်နေခဲ့တာပဲ…သူကဟောင်….ကျမက…
ပြောင်ပြ….စွာလွန်းလို့အိမ်ရှေ့ထုတ်ခံထားရတဲ့ကောင်…ကောင်းလိုက်တာချိုလိုက်တာ…
အဲ့လိုပြောပြီး…ဝန်းထဲအမြန်ဝင်တံခါးပိတ်…
ဖိုးစွာက…စိတ်တွေတို….ကျမ…အိမ်ထဲရောက်တဲ့အထိ….သူကလိုက်ဟောင်…
ကျမက…ဝရံတာကနေပြောင်ပြ…
သူကစိတ်တွေဆိုး…ဟိုဖက်ပြေးလိုက်ဒီဖက်ပြေးလိုက်..လုပ်…ပျော်တော့ပျော်စရာကြီး……တခြားအခန်းတွေကလဲကျမနဲ့ဖိုးစွာအဖြစ်ကိုရယ်ကြ….
၅။
မိုးတွေအရမ်းရွာတဲ့နေ့….
ကျမစာသင်အိမ်ကအပြန်….လမ်းမှာလူပြတ်တော့..ကျမလဲ…ထီးကြီးနဲ့မြန်မြန်ပြန်အလာ
လမ်းဘေးရေမြောင်းထဲမှာ…ပလုံပလွမ်နဲ့
အသံတွေကြားလိုက်ရပါတယ်….
ကျမကဖုန်းမီးနဲ့လှမ်းအကြည့်…ဖိုးစွာရဲ့ဘော်ဒါ…လက်ထောက်ငညိုကိုတွေ့လိုက်ရပါတယ်…
ငညိုက ရေမြောင်းထဲကိုကြည့်လိုက်….
ရေမြောင်းဘေးကနေ အုအုအု အသံပေးလိုက်လုပ်နေတာကိုလဲတွေ့လိုက်ရပါတယ်…
ရေမြောင်းထဲကပလုံပလွမ်အသံကလဲ…
ကြားနေရတော့ကျမ က..
ဟိတ်..ငညို..လို့အသံပေးလိုက်ပါတယ်
ကျမကိုမှတ်မိတဲ့ငညိုက..ကျမဆီလာပြီး..
အမြီးယမ်းပြပါတယ်…ပြီးတော့အုအုနဲ့အော်ပြပါတယ်….
ကျမလဲရေမြောင်းဆီသွားပြီးငုံ့ကြည့်လိုက်တဲ့အခါ….ဖိုးစွာ….
၆။
မိုးရွာထားလို့ရေမြောင်းထဲမှာရေတွေစီးနေပါတယ်….ရေမြောင်းထဲကို…ဘယ်အချိန်ထဲကပြုတ်ကျနေမှန်းမသိတဲ့ဖိုးစွာက….မြောင်းဘောင်ကိုကားယားခွလိုက်ပြုတ်ကျလိုက်…
ရေတွေကလဲစိုရွှဲလို့….မောနေပါတယ်…
ကျမလဲ စ ချင်လာတာနဲ့..
ဟဲ့ ဖိုးစွာ ရေဆော့နေတာလားဆိုတော့..
ဂီးကနဲ..သွားဖြဲပြပါတယ်…
ကျမ က သူ့ကိုကယ်ရမှာလေ..
ကိုယ်ဆွဲတင်မှသူအပြင်ရောက် မယ့်ဟာ
သူကရန်လုပ်နေတော့…
အောင်မလေးနေပေါ့…နင်အောက်တပိုင်းသေပြီးလေဖြတ်တဲ့အထိငါက ကြည့်နေမှာနော်….ဆိုပြီးပြောလိုက်ပါတယ်…
ဖုန်းမီးရောင်အောက် မှာ ဖိုးစွာက
သူ့ရန်သူတော်ကျမကို မျက်နှာငယ်လေးနဲ့ကြည့်နေပါတယ်….
အလကားစတာပါဟယ်…ငါကနင့်ကိုကယ်မှာပါ…နင်ငါ့ကိုမကိုက်ဘူးမို့လား…
နင့်လက်မောင်းကနေငါဆွဲတင်ပေးမယ်ဆိုတော့…ကျမကို…သွားဖြဲပြပါတယ်…
စာရှည်လို့တင့်လို့မရလို့လင့်လေးတင်ပေးထားပါတယ်ဆက်လက်ဖတ်ပေးပါ
Linkကိုဖတ်လို့အဆင်ပြေအောင်လုပ်ပေးထားပါတယ်
Link >https://space.kalivblog.com/?page_id=300