အုတ်ဖိုတွင် အရပ်သားတစ်ဦးကို PDF အဖွဲ့ဝင်များက နေအိမ်အထိ လာရောက်ပစ်သတ်

စက်တင်ဘာ ၂၉

အုတ်ဖိုတွင် အရပ်သားတစ်ဦးကို PDF အဖွဲ့ဝင်များက နေအိမ်အထိ လာရောက်ပစ်သတ်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၇) ရက်၊ နေ့လည် (၁၂) နာရီခွဲခန့်က ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင်နေထိုင်သော ဦးမြင့်အောင်(၆၈)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် ခြောက်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာခဲ့ပြီး “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြင့်အောင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရွှေတဲသဲကုန်းကျေးရွာတွင်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရွှေတိုး(၇၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာခဲ့ပြီး ဦးရွှေတိုးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

Credit - NP News Agency

#centralnewsnaypyitaw

image