အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများကို လေဖိအားနည်းဆဲလ်အဖြစ် ဖြ-တ်ကျော်နိုင်
အားကောင်းသော အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" သည် ယ နေ့ စက်တင်ဘာ(၂၉)ရက် ညနေပိုင်းတွင် လာအိုနိုင်ငံ ကုန်တွင်းပိုင်းဒေသများကို အပူပိုင်းမုန်တိုင်းငယ်အဖြစ် ဖြ-တ်ကျော်နိုင်ပြီး စက်တင်ဘာ(၃၀)ရက်၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများကို လေဖိအားနည်းဆဲလ်အဖြစ် ဆက်လက်ဖြ-တ်ကျော်နိုင်သည် ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ(၂၉)ရက် နံနက်ပိုင်းတွင် အသိပေးထားသည်။
အဆိုပါ မုန်တိုင်း" ဘူအလွိုင်" မှ ပြ-တ်ထွက်လာသော တိမ်တို-က်များကြောင့် ယနေ့ စက်တင်ဘာ(၂၉)ရက်မှ အောက်တိုဘာ(၁)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုး/ဇလက အသိပေးထားသည်။
ထို့ကြောင့် အဆိုပါ ဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လည်း မိုးဇလက သတိပေးနှိုးဆော်ထားသည်။
