နယူးကာဆယ်စတားနှင့် ပြဿနာတက်နေတဲ့ နည်းပြအဖွဲ့ဝင်ကို အာတီတာ ဝင်ထိန်းခဲ့ရ

စက်တင်ဘာ ၂၉

မီခေးလ်အာတီတာဟာ နယူးကာဆယ်အား နောက်ကျဂိုးဖြင့် အနိုင်ဂိုးဖြင့် အနိုင်ရတဲ့ပွဲအပြီးတွင် ပြဿနာတက်ခဲ့တဲ့ နည်းပြအဖွဲ့ဝင်အား ဝင်ထိန်းပေးခဲ့ရပါတယ်။

အာဆင်နယ်ဟာ မနေ့ညက ပွဲတွင် ဂါဘရီရယ်ရဲ့ နောက်ကျ ၉၆ မိနစ်ဂိုးဖြင့် နယူးကာဆယ်ကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ပွဲအပြီးတွင် နယူးကာဆယ်အလယ်တန်းကစားသမားဂျိုးလင်တန်နှင့် အာတီတာရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးတို့ အချင်းများခဲ့ကြပါတယ်။

ဂျိုးလင်တန်ဟာ အာဆင်နယ်နည်းစနစ်ဧရိယာအထိ ဝင်ရောက်ကာ နည်းပြအဖွဲ့ဝင်နှင့် အချင်းများနေခဲ့တာလည်း ဖြစ်ပါတယ်။ ဘရာဇီးအလယ်တန်းကစားသမားဟာ အာတီတာရဲ့ လက်ထောက်နည်းပြ အသက် ၃၂ နှစ်ရှိ မီဂွယ်မိုလီနာကို တွန်းခဲ့တာလည်း တွေ့ရပါတယ်။

ယင်းအချိန်တွင် အာတီတာ ရောက်လာပြီး နည်းပြအဖွဲ့ဝင်အား ဆွဲခေါ်ခဲ့ပါတယ်။

ဂျိုးလင်တန်ဟာ နည်းပြအဖွဲ့ဝင်အား ဒေါသတကြီး လက်ညှိုးထိုးခဲ့ပြီးနောက် ထွက်ခွာသွားခဲ့ပါတယ်။

Credit - Myanmar Transparency News Agency

#ဘောလုံးသတင်းစုံ

image