ကမ္ဘာ့စက်ရုပ်အိုလံပစ်ပြိုင်ပွဲတွင် ပထမရခဲ့သော လူငယ်သုံးဦးကို KBZPay က တစ်ဦး ဒေါ်လာ ၁၀၀၀၊ Iphone 17 Pro Max နှင့် ASUS ROG Strix G16 များ ဆုချီးမြှင့်မည်

စက်တင်ဘာ ၂၉

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ World Robot Olympiad (ကမ္ဘာ့စက်ရုပ်အိုလံပစ်) ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၄၀ ကျော်ကို အနိုင်ယူပြီး We are Genius အသင်းရဲ့ မြန်မာလူငယ်တွေ ဖြစ်ကြတဲ့ မိုးပြည့်စုံကျော်၊ ကျော်ဘုန်းခန့်ဇော်နဲ့ ဉာဏ်ကိုး တို့က ပထမဆုကြီး (Future Innovator Award)ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

We are Genius အသင်းရဲ့ မြန်မာလူငယ်တွေဟာ ငလျင်နဲ့ သဘာဝဘေးအန္တရာယ်တွေအတွင်း လူနဲ့သက်ရှိတွေကို ရှာဖွေကယ်ဆယ်နိုင်ဖို့ AI စနစ်တပ်ဆင်ထားတဲ့ ကယ်ဆယ်ရေးစက်ရုပ်ကားကို တီထွင်ပြီး ဆုရရှိခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့စင်မြင့်ပေါ် မြန်မာ့ဂုဏ်ကို သယ်ဆောင်သွားကြတဲ့ မျိုးဆက်သစ် တီထွင်ဖန်တီးရှင်တွေကို KBZPay က ဂုဏ်ယူမ်ကြောင်းနဲ့ ဆက်လက်လေ့လာမယ့် ပညာရေးခရီးလမ်းတွေမှာ အထောက်အကူပြုဖို့အတွက် ကျောင်းသားတစ်ဦးချင်းစီကို USD 1,000 ၊ Iphone 17 Pro Max နဲ့ ASUS ROG Strix G16 တွေ ဆုချီးမြှင့်သွားမယ်လို့လည်း ဆိုပါတယ်။

Credit - Myanmar Transprency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image