ကမ္ဘာပေါ်မှာ အတိတ်ဆိတ်ဆုံးနေရာကတော့ Minnesota မှာရှိတဲ့ Orfield Laboratories ရဲ့ anechoic အခန်းဘဲဖြစ်ပါတယ်
ဒီအခန်းထဲမှာ အသံပမာဏဟာ မယုံနိုင်လောက်အောင် နည်းပါးပြီး -၂၄.၉ dB (ဒက်စီဘယ်)အထိ ရှိပါတယ် ဒါဟာ လူ့နားနဲ့ကြားနိုင်တဲ့ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ ၀ dB အောက် အများကြီး နည်းနေတာပါ
ဒီအခန်းထဲမှာ အရမ်းကိုတိတ်ဆိတ်ငြိမ်သက်လွန်းလို့ လာရောက်လည်ပတ်သူတွေဟာ သူတို့ရဲ့ နှလုံးခုန်သံ၊ အသက်ရှူသံနဲ့ သွေးစီးဆင်းနေတဲ့အသံကိုပါ ပြန်ကြားနေရပါတယ်
ဒီလို ခြောက်ခြားဖွယ်အခြေအနေဟာ လူအချို့ကို စိတ်မသက်မသာ ဖြစ်စေပါတယ် အချို့သူတွေဆိုရင် မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ထိတ်လန့်ခြင်းတွေ နဲ့ စိတ်ကယောင်ခြောက်ခြားတွေဖြစ်ပေါ်ကြပါတယ်
ဒီအခန်းဖန်တီးသူ Steven J. Orfield က "အခန်းထဲမှာ အချိန်အကြာကြီး နေဖို့ဆိုရင် ထိုင်နေမှရမယ် ရပ်နေရင် ၅ မိနစ်၊ ၁၀ မိနစ်လောက်သာ ခံနိုင်လိမ့်မယ်" လို့ ပြောဖူးပါတယ် အစောပိုင်း သတင်းတွေအရ ဒီအခန်းထဲမှာ အကြာဆုံးနေနိုင်ခဲ့တဲ့အချိန်ဟာ ၄၅ မိနစ် ခန့်ဘဲရှိခဲ့ဖူးတယ်လို့လည်း ဆိုကြပါတယ် ဒါပေမဲ့ ဒီလိုအချိန်ကြာကြာနေနိုင်တဲ့ စံချိန်ကို Guinness World Records က တရားဝင် မှတ်တမ်းတင်ထားတာတော့ မရှိပါဘူး
ဒီအခန်းဟာ သိပ္ပံနည်းကျ စမ်းသပ်မှု တွေအတွက် အရေးပါတဲ့နေရာတစ်ခု ဖြစ်သလို လူ့ရဲ့ အာရုံခံစားမှုအပိုင်းကို လေ့လာဖို့အတွက် အကောင်းဆုံးနဲ့ အပြင်းထန်ဆုံး စမ်းသပ်ခန်းတစ်ခုလည်း ဖြစ်ပါတယ်
ဒီအခန်းဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စမ်းသပ်စစ်ဆေးခဲ့ပြီး ကမ္ဘာ့အတိတ်ဆိတ်ဆုံး စံချိန်ကို ရရှိထားပါတယ် ဒီလို စံချိန်တင် ငြိမ်သက်မှုရှိတဲ့ အခန်းထဲကို ဝင်ရောက်သူတွေအတွက်ကတော့ တစ်ချိန်တည်းမှာ စိတ်ဝင်စားစရာလည်းကောင်းသလို ထိတ်လန့်စရာလည်း ဖြစ်စေနိုင်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts