ယာဉ်တစ်စီးအရှိန်လွန်၍ အအေးဆိုင်ကို တိုက်မိရာ အအေးသောက်နေသည့် အမျိုးသမီးဒဏ်ရာရရှိ
စက်တင်ဘာ ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စည်ပင်သာယာဆိပ်ကမ်းနားလမ်း ပွင့်နဒီအအေးဆိုင်ကို ယာဉ်တစ်စီးမှ အရှိန်လွန်၍ တိုက်မိရာ အအေးသောက်နေသည့် အမျိုးသမီး ပေါင်ရိုးကျိုးသွားကြောင်း သိရသည်။
စက်တင်ဘာလ ၂၆ ရက်နေ့တွင် ယာဉ်တစ်စီးမှာ အရှိန်လွန်၍ အအေးဆိုင်အား တိုက်မိရာထိုအအေးဆိုင်တွင် အအေးသောက်နေသည့် အမျိုးသမီးအာ တိုက်မိရာ ညာခြေပေါင်ကျိုးပြီး၊ ခြေသလုံးတွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ကားသမားတော့ ဘာမှမဖြစ်ဘူး။ အအေးသောက်နေတဲ့ အမျိုးသမီးတစ်ယောက် ပေါင်ကျိုးတာ” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အဆိုပါဒဏ်ရာရရှိသည့် အမျိုးသမီးကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo-Credit
#democracynowmm


