ဒီစာအုပ်ကိုဖတ်ကြည့်ပြီးတော့ နားမလည်ခဲ့တဲ့အရာကို နားလည်လိုက်တာပဲ ဘာကိုလဲဆိုတော့ ချစ်ရဲ့သားနဲ့ အတူရှိဖို့ မဖြစ်နိုင်တာတွေ ရှိပါလားဆိုတာကို။လောကကြီးမှာ ဘေးပယောဂကြောင့် အတူမရှိလိုက်ရတာတွေ ပေါပါတယ်။ဒီစာအုပ်ထဲမှာ
တော့ တခြားလူရဲ့ ပယောဂကြောင့်မဟုတ်ဘဲ နှစ်ဦးသားရဲ့ ရွေးချယ်မှုပါ။တော်တော်လှတဲ့ အချစ်ကိုလည်း တွေ့ရတဲ့အပြင် အတူတူဆက်မသွားဖို့ရွေးချယ်တာကလည်း မှန်ကန်တယ်လို့ ခံစားမိတဲ့ အခိုက်ပဲ။များသောအားဖြင့် ဝတ္ထုဖတ်ရင်ပဲဖြစ်ဖြစ်
ဇာတ်လမ်းကြည့်ရင်ပဲ ဖြစ်ဖြစ် ချစ်တဲ့သူတွေကိုပေါင်းဖက်စေချင်တာပဲ ဒီစာအုပ်ထဲမှာတော့ အတူတူမရှိတာက အကောင်းဆုံးလို့ မြင်မိတယ်။အချစ်နဲ့ပတ်သက်ပြီးတော့ အသက်အပိုင်းအခြားပေါ်မူတည်ပြီး(အသိဥာဏ်က ပိုမှန်လောက်မလား) လူတွေကတုံ့ပြန်မှုတွေပြောင်းသွားတယ်လို့
မြင်မိတယ်။ဆယ်ကျော်သက်အရွယ် လောကကြီးအကြောင်းမသိခင်က အားအပြင်းဆုံးမလား အရာအရာကို လုပ်နိုင်တယ်ထင်ပြီး ရူးသွပ်ကြတယ်။နှလုံးသားကို ဦးနှောက်ကမထိန်းကျောင်းနိုင်သေးဘူးဆိုတော့ အတူရှိရင်ဖြစ်ပြီဆိုတာမျိုး။
အမှန်တစ်ကယ်က ချစ်ခြင်းနဲ့ အတူတူရှိခြင်းက သပ်သပ်စီမဟုတ်လား။ကိုယ့်ဘေးနားမှာ ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ အချစ်ရှိနေတယ်ဆိုတာကို နားလည်စေတဲ့ စာအုပ်ပါပဲ။
လှပတဲ့အချစ်ကို ခံစားချင်ရင်တော့ ဖတ်ကြည့်စေချင်တယ်။နောက်ပြီး
Danielle Steel က မြန်မာစာဖတ်သူတွေနဲ့ ရင်းနှီးတဲ့ စာရေးဆရာမလား ။သူ့စာအုပ်တွေက အမြဲစိတ်ဝင်စားဖို့ကောင်းပါတယ်။တဖြည်းဖြည်းနဲ့ နစ်ဝင်သွားစေတာမျိုးပါ။ခင်မင်စွာဖြင့်
#မောင်မိုးသူ
#သားပျောက်သူ
#daniellesteel
Credit to owner