ဒီယေဂိုဂျိုတာရဲ့ မိသားစုအား စာချုပ်လက်ကျန်တန်ဖိုးအတိုင်း ပေါင် ၁၄.၅ သန်းအပြည့်အဝ ပေးလာတဲ့ လီဗာပူး

စက်တင်ဘာ ၂၇

လီဗာပူးဟာ ဒီယေဂိုဂျိုတာ သေဆုံးသွားပြီးနောက် သူ့စာချုပ်လက်ကျန် တန်ဖိုးအတိုင်း ပေါင် ၁၄.၅ သန်းအား မိသားစုဝင်များအား ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

လီဗာပူးစတားဟာ ဇူလိုင်လတုန်းက ညီဖြစ်သူအင်ဒရေဆေးလ်ဗားနှင့်အတူ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ကာ ဇနီးသည် ရူတီကာဒိုဆိုနှင့် ကလေး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။

ဂျိုတာဟာ လီဗာပူးတွင် တစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ ဝန်းကျင် ရရှိနေသူ ဖြစ်ပြီး ၂ နှစ်စာချုပ်သက်တမ်းကျန်နေသေးသူ ဖြစ်ပါတယ်။

ယခုအခါ လီဗာပူးနည်းပြအန်းဆလော့က ကလပ်ပိုင်ရှင် Fenway Sports Group ဟာ ဂျိုတာရဲ့ စာချုပ်လက်ကျန် တန်ဖိုး အပြည့်အဝအား ကျန်ရစ်သူ ဇနီးနှင့် ကလေးများအား လွဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

လီဗာပူးဟာ ဂျိုတာအား ဂုဏ်ပြုတဲ့အနေဖြင့် သူဝတ်ဆင်ခဲ့တဲ့‌ ကျောနံပါတ် ၂၀ အား ကလပ်မှ ရာသက်ပန် အနားပေးထားပြီး ဖြစ်သလို ယခုရာသီ ဝတ်စုံတွင်လည်း ဂျိုတာအား ဂုဏ်ပြုတဲ့ စာသားထည့်သွင်းပေးထားပါတယ်။

လီဗာပူးဟာ ဂျိုတာ ကွယ်လွန်ခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် တိုက်စစ်မှူးဟူဂိုအီကီတီကီနှင့် အလက်ဇန္ဒားအီဆက်ခ်တို့အား ပေါင် ၁၉၉ သန်း သုံးစွဲပြီး ခေါ်ယူမှု အပါအဝင် ပေါင် ၄၂၆ သန်း သုံးစွဲကာ ကစားသမားခေါ်ယူအားဖြည့်မှုများပြုလုပ်ခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image