*** ယုံကြည်မူ သဒ္ဓါတရားမရှိရင်...
ကုသိုလ်မရှိဘူး။ ကုသိုလ်မရှိရင် ချမ်းသာမရှိဘူး ဆိုတော့ ဒီပုဂ္ဂိုလ် ဘယ်နည်းနဲ့မှ ချမ်းသာစစ် ချမ်းသာမှန်ဖြင့် မကြီးပွါးနိုင်ဘူးပေါ့။
ဒါကြောင့် မယုံရင် ဘာကုသိုလ်မှ မဖြစ်ဘူး ဆိုတာလေးကို ကောင်းကောင်း နားလည်ပြီးတော့...
" သြော် ယုံကြည်မူသည် ကုသိုလ်ကောင်းမူ
တို့ဖြင့် ကြီးပွါးဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့
အရင်းအနှီးပါလား " လို့ နားလည်ရမယ်။ ယုံကြည်မူ အရင်းအနှီးများလာမှ ကုသိုလ်ကောင်းမူတို့ဖြင့် တိုးတက်
ကြီးပွါးမယ်။ ကုသိုလ်ကောင်းမူတွေ တိုးတက် ကြီးပွါးလာမှ ချမ်းသာသုခတွေလည်း တိုးတက် ကြီးပွါးလာမှာပေါ့။
ဒါကြောင့် ယုံကြည်မူဆိုတဲ့ သဒ္ဓါတရား အရင်းအနှီး
များအောင် ကြိုးစားဖို့ လိုတယ်။ ဘာကြောင့် များအောင်
ကြိုးစားရသလဲလို့မေးရင် အရင်းများမှ အကျိုးအမြတ်ကလည်း များမှာကိုး။ အဲတော့ ဦးဇင်းတို့ ကျမ်းဂန်တွေထဲမှာတော့ သဒ္ဓါတရား အားကောင်အောင် သဒ္ဓါတရားတွေ ယုံကြည်မူတွေ များလာအောင် ဘယ်လိုလုပ်မလဲ။
သူတော်ကောင်းနဲ့ ပေါင်းရမယ် တဲ့။
( ၁ ) အချက်။ သူတော်ကောင်းတရားတွေကို နာရမယ်,လေ့လာရမယ်၊ ဖတ်ရူရမယ်၊ မှတ်သားရမယ် တဲ့။
( ၂ ) အချက်။ သင့်တင့်လျောက်ပတ်သော အတွေးတွေ
မှန်ကန်မူရှိရမယ်၊ ယောနိသောမနသိကာရပေါ့။
( ၃ ) အချက်။ ဓမ္မာနုဓမ္မပ္ပဋိပတ္တိလို့ ဆိုလို့ရတဲ့ လောကုတ္တရာ တရားအားလျော်သော အကျင့်မြတ်ကို ကျင့်သုံးရမယ် တဲ့။
( ၄ ) အချက်။ ( ၄ ) မျိုးပြောထားတယ် နော်။ ( ၄ ) ခုမြောက်လေးကို နည်းနည်း ပြောကြည့်ချင်တယ်။ ဓမ္မာနုဓမ္မပ္ပဋိပတ္တိ၊ လောကုတ္တရာအားလျော်တဲ့ သူတော်ကောင်းတရားအားလျော်တဲ့ အကျင့်မြတ်ကို ကျင့်ခြင်းသည်
သဒ္ဓါတရား အားကြီးကြောင်း။ ဟုတ်တာပေါ့။
တရားအလုပ်ကို ကြိုးစားအားထုတ်ကြည့်မှ ယုံစရာဆိုတာကလည်း တွေ့လာတာ။ ယုံစရာတွေ့လာမှ ဆက်ပြီးတော့ ယုံလာတယ်။ ပိုပြီးတော့ ယုံလာတယ်။ ပိုပြီးတော့ ယုံလာမှ ပိုပြီးတော့ လုပ်တယ်။ ဒါလေး အရေးကြီးတယ် နော်။ အဲသလိုလေး လည်သွားဖို့ အရေးကြီးတယ်။
အစတုန်းက လုပ်တုန်းကတော့...
" သြော် ဒါလုပ်ရင် ကောင်းမှာပဲ " ဆိုတဲ့
ယုံကြည်မူ ခပ်ပျော့ပျော့နဲ့ စကြတာပေါ့လေ။ နောက် လုပ်ကြည့်ရင်းနဲ့...
" သြော် တကယ်လုပ်ရင် တကယ်ချမ်းသာကို
ဖြစ်စေသကိုး၊ တကယ်အကျိုးရှိသကိုး " လို့
သူ့မှာ လက်တွေ့ အကျိုးကျေးဇူးကို သိမြင် ခံစားလိုက်ရတဲ့ အတွက်ကြောင့် ယုံကြည်မူဆိုတာ တိုးမလာဘူးလား။
တိုးလာတော့ အလုပ်ကလည်း ယုံကြည်မူ တိုးသည့် အားလျော်စွာ အလုပ်တွေလည်း တိုးလာတယ်။ ကုသိုလ်တိုးလာတယ်လို့ ပြောတာ။ ဆက်လုပ်လေ ယုံစရာ ပိုတွေ့လေ။ ယုံစရာပိုတွေ့လေ ပိုယုံလေ။ ပိုယုံလေ ပိုကြိုးစားလေ။ ။
.
🌼 အရှင်ဥတ္တမ 🌼
{ သစ္စာရွှေစည်ဆရာတော် }
~~~~~~~~~~~~~~~~~~~~~~
#ရိုသေစွာမူရင်း 🙏🏻🙏🏻🙏🏻

image