10 ပတ် - ဘာသာပြန်ပါ။

လေးရှားတွင် မြန်မာအပါအဝင် အထောက်ထားမရှိသည့် နိုင်ငံခြားသားလုပ်သား ၆၀၀ ကျော်အဖမ်းခံရ
စက်တင်ဘာ ၂၆၊ ၂၀၂၅
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ် ကလန်းမြို့ပူလောက်အင်ဒါးမှာ နေထိုင်ခွင့် အထောက်အထားမရှိတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သား ၆၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
မလေးရှားလူဝင်မူကြီးကြပ်ရေးနှင့်ဌာနပေါင်းစုံပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့က စက်တင်ဘာ၂၄ရက် ည ၉နာရီခွဲကနေ ၁၂နာရီခွဲ အထိ လူဦးရေ ၁၁၃၂ဦး ကို စစ်ဆေးခဲ့ပြီး တရားမဝင် နေထိုင်တဲ့ မြန်မာလုပ်သား၃၆ဦး အပါအဝင် နိုင်ငံခြားသားလုပ်သား ၆၆၂ဦး ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
"" အဖမ်းခံရတဲ့ အထဲမှာ မြန်မာက ၃၆ယောက် ၊ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသား ကတော့အများဆုံး လို့သိရတယ် နီပေါ နိုင်ငံသားတစ်ယောက် က ထွက်ပြေးရင်း တိုက်ပေါ်ကပြုတ်ကျလို့သေဆုံးတယ် မလေးရှားမှာနေရတာလဲ ကြာရင် အော်ပရာစီ စိတ်ရောဂါ ရတော့မယ် ""လို့ မလေးရှားရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။
မလေးရှား နိုင်ငံ အတွင်း အထောက်အထားမဲ့ နိုင်ငံခြားသားလုပ်သားတွေကို အာဏာပိုင်တွေက ဖမ်းဆီးရာမှာ ယခုစက်တင်ဘာ လအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ခန့် အဖမ်းခံရတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်ချက်တွေ အရသိရပါတယ်။
ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား လုပ်သားတွေ ကို မလေးရှား အစိုးရအနေနဲ့ လ၀ကဥပဒေအရအရေးယူပြီး ပြစ်ဒဏ် ကျခံပြီးပါက မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိပါတယ်။

image