နာမည်ကြီးလာသည်နှင့်အမျှ
မာနမကြီးအောင် သတိထားပါ ။
အောင်မြင်လာသည်နှင့်အမျှ
ကျေးဇူးမကန်းမိအောင် သတိထားပါ ။
ရောင်းကောင်းလာသည်နှင့်အမျှ
စေတနာမေတ္တာမလျော့အောင် သတိထားပါ ။
အထင်ကြီးခံရသည်နှင့်အမျှ
လုပ်ရပ်မှန်အောင် သတိထားပါ ။
အမြင့်ပေါ်ရောက်နေသမျှ
အောက်ခြေမလွတ်အောင် သတိထားပါ ။
အဆင်ပြေနေလာသည်နှင့်အမျှ
ကုသိုလ်မမေ့အောင် သတိထားပါ ။
အမြင့်အနိမ့် အတက်အကျတွေနဲ့
တည်ဆောက်ထားတဲ့ လူ့ဘဝကြီးမှာ
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ
တရားမပျက် အမှားမဖက်အောင် သတိထားပါ ။
သာရဂဝေသီ