10 ပတ် - ဘာသာပြန်ပါ။

မိသားစုနာရေးကြောင့် ယနေ့ည ဘရန့်ဖို့ဒ်ပွဲစဉ်တွင် ယူနိုက်တက်ရဲ့ ဒီရယ်လို ပါဝင်လာမည် မဟုတ်

စက်တင်ဘာ ၂၇

ယူနိုက်တက်တောင်ပံတိုက်စစ်သမားအာမက်ဒီရယ်လိုဟာ မိသားစုဝင်တစ်ဦးရဲ့ နာရေးကြောင့် ကလပ်ရဲ့ အနားပေးခြင်းခံလာရပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားဟာ ယနေ့ည ဘရန့်ဖို့ဒ်အား အဝေးကွင်းသို့ သွားရောက်ကစားရမဲ့ပွဲစဉ်တွင် ပါဝင်လာမှာ မဟုတ်ပါဘူး။

ရူဘင်အမိုရမ်က လတ်တလောအချိန်တွင် အာမက်ဒီရယ်လိုအတွက် ဘောလုံးက အရေးပါခြင်း မရှိကြောင်း ဆိုထားပါတယ်။

ဒီရယ်လိုဟာ ယခုရာသီတွင် ယူနိုက်တက်ရဲ့ ပွဲ ၆ ပွဲလုံး ပါဝင်ကစားထားသူ ဖြစ်ပြီး ၅ ပွဲအား ကျောနံပါတ် ၁၀ (သို့မဟုတ်)ညာတောင်ပံခံစစ်သမားအဖြစ် ပွဲထွက်ကစားထားသူလည်း ဖြစ်ပါတယ်။

အမိုရမ်က "အာမက်ကို အားပေးမှု အားလုံး လုပ်ပေးထားတယ်။ လာမယ့်ပွဲက အရေးမကြီးပါဘူး"လို့ ပြောကြားသွားပါတယ်။

ဒီရယ်လိုဟာ ပြီးခဲ့တဲ့အပတ်တုန်းက ချဲလ်ဆီးအား အနိုင်ရတဲ့ပွဲအပြီးတွင် ကစားဖော်ဟောင်းအလီဂျန်ဒရိုဂါနာချိုနှင့် အင်္ကျီလဲလှယ်ကာ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံအား ဆိုရှယ်မီဒီယာတွင် တင်ပြီးနောက် ပရိသတ်များရဲ့ ဝေဖန်မှုများ ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သူဟာ ယင်းသို့ ဝေဖန်ခြင်းခံရပြီးနောက် ဆိုရှယ်မီဒီယာမှ ပို့စ်အားလုံးကို ဖျက်ခဲ့သူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် နောက်ထပ် သတင်းဆိုးတစ်ခုက နောက်ခံလူနူဆာမာ့ဇ်ရာဝီမှာလည်း ဘရန့်ဖို့ဒ်နှင့်ပွဲတွင် ပါဝင်လာမှာ မဟုတ်သလို အောက်တိုဘာလလယ်ပိုင်းအထိ ပြန်ကစားနိုင်မဲ့ အခြေအနေမှာ မရှိပါဘူး။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image