ဖိုင်လင်လို့ အမည်ရတဲ့ ဒီဆင်ကြီးက နှစ်ပေါင်း (၂၅) နှစ်ကျော်ကြာအောင် လေးလံတဲ့အရာဝတ္ထုတွေ၊ ခရီးသွားဧည့်သည်တွေကို ကျောပေါ်သယ်ပိုးရင်း အသက်ရှင်သန်ခဲ့ရပါတယ်။ တစ်ခါတလေဆိုရင် တစ်ကြိမ်တည်းနဲ့ လူ (၆) ယောက်လောက်က သူ့ကျောပေါ် တက်ထိုင်ပြီး လိုက်ပါလေ့ရှိပါတယ်။
ဒီလူတွေ ထိုင်ဖို့အတွက်လည်း ထိုင်ခုံအမာတွေကို တပ်ဆင်ပေးထားရပြီး ဆင်ကြီးခမျာ ဝေဒနာတွေကို မချိမဆံ့ ခံစားခဲ့ရမှာ သေချာပါတယ်။ အဲ့ဒါကြောင့်ပဲ နှစ်တွေကြာတဲ့အခါ၊ အသက်ကြီးလာတဲ့အခါ သူ့ရဲ့ ကျောရိုးတွေက ဒဏ်ဖြစ်သွားပြီး အခုလိုမျိုးပဲ မြင်တွေ့ခဲ့ရတာပါ။
သူ့ကို (၂၀၀၇) ခုနှစ်ကတည်းက ကယ်တင်ခဲ့ပြီး သဘာဝဘေးမဲ့တောထဲမှာ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေး၊ လွတ်လပ်ခွင့်တွေပေးပြီး ရှင်သန်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီဒဏ်ရာတွေကတော့ အရင်လိုပြန်မဖြစ်နိုင်တော့ဘဲ ဆင်ကြီးနဲ့ပတ်သက်လို့ အားလုံးက ကရုဏာသက်ခဲ့ရပါတယ်။