10 w - Translate

ဂျမေကာနိုင်ငံက N. Gray ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ Super Lotto ထီပေါက်သွားပါတယ်။ ထီပေါက်တဲ့အကြောင်းအရာထက် ပိုသဘောကျစရာကောင်းသွားတာကတော့ သူမရဲ့ ထီဆုလာထုတ်ယူပုံပဲ။ ဘယ်လိုသွားထုတ်ခဲ့တာလဲဆိုတော့…မျက်စိတစ်ဖက်မှိတ်ပြနေတဲ့ Emoji မျက်နှာဖုံးကြီး ဝတ်ပြီး သွားထုတ်ခဲ့လို့ပါ။ ဘာလို့လဲဆိုတော့ အမျိုးတွေ မသိစေချင်ဘူးတဲ့လေ 🤣
အံ့ဩစရာတော့ မဟုတ်ပါဘူး။ ထီပေါက်တာကို လူအများသိတဲ့အခါ အလုအယက်ခံရတာ၊ ဒါမှမဟုတ် ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းတွေက ငွေတောင်းတာ၊ ပိုက်ဆံချေးတာမျိုးတွေ ကြုံရနိုင်တယ်လေနော်။ သူ အခုလို မျက်နှာဖုံးနဲ့ တက်ယူလိုက်တော့ လူသိရှင်ကြား ထီပေါက်ကြောင်း ကြေညာလို့လည်းရသလို သူ့ဘဝ လုံခြုံမှုနဲ့ စိတ်အေးချမ်းမှုကိုလည်း လုံးဝမထိခိုက်တော့ဘူးပေါ့ 😇
ရယ်စရာလိုလိုထင်ရပေမဲ့ တကယ့်တကယ်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ လုပ်ရပ်ပါပဲ 😎
ကဲ... ထီကံ၊ ကံစမ်းမဲကံကတော့ ဘယ်တော့လာမယ်မှန်းမသိပေမယ့် ဆုထုတ်ယူတဲ့အခါ သုံးဖို့ မျက်နှာဖုံးလေးလောက်တော့ အသင့်ပြင်ထားလိုက်ကြတော့မလား...😝

image