☸ ဆရာဝန်နဲ့ ပြသဖို့လိုအပ်တဲ့ လက်ထုံခြင်း ဆိုင်ရာအချက်များ ☸
သာမန်လူတစ်ယောက် အနေနဲ့ လက်ထုံခြင်း ၊ လက်ကျဉ်ခြင်းတွေကို ဖြစ်ဖူးကြမယ် ထင်ပါတယ်။ ဒီလို လက်ထုံခြင်းတွေဖြစ်ပေါ်ခဲ့ရင် စိတ်အနှောက်အယှက် ဖြစ်စေတာကတော့ အမှန်ပါပဲ။
များသောအားဖြင့် ထိုအခြေအနေတွေမှာ ဆေးဝါးများ မှီဝဲခြင်းဖြင့် ဖြေရှင်းတတ်သူများလည်း ရှိပါတယ်။ ဒါ့အပြင် တချို့သော် လက်ထုံခြင်းတွေဟာ ရောဂါများ နှင့် ဆက်စပ်ပြီး ဖြစ်ပေါ်စေတတ်တာကြောင့် ယခုဖော်ပြပေးမည့် လက်ထုံခြင်းဆိုင်ရာ အချက်များဖြစ်ပေါ်ခဲ့လျှင် ဆရာဝန်များနှင့် ပြသဖို့လိုအပ်ပါတယ်။
၁။ လေဖြတ်ခြင်း
လေဖြတ်ခါနီး အချိန်တွေမှာ လက်ထုံခြင်းဟာ စိုးရိမ်းစရာ လက္ခဏာ တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဒီလို ထုံခြင်း နှင့် အားနည်းခြင်းတွေဟာ ရုတ်တရက် ခန္ဓာကိုယ် တစ်ဖက်တစ်ခြမ်းမှာပဲ ဖြစ်ပေါ်လာတတ်ပါတယ်။ အခုလိုအခြေအနေတွေမှာ လေဖြတ်နိုင်ခြေရှိတဲ့လူတစ်ယောက် အနေဖြင့် သူတို့ရဲ့ လက်မောင်းတွေကို မြှောက်လိုက်တဲ့အခါ ခက်ခဲနေ တတ်ပါတယ်။ ဒါဟာ လေဖြတ်ခြင်းနှင့် ဆက်စပ်တဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပြီး တခြား စိုးရိမ်းဖွယ်ရှိတဲ့ လက္ခဏာတွေကိုလည်း သိထားဖို့လည်း လိုအပ်ပါတယ်။
၂။ လက်အကြောကပ်ခြင်း
နောက်ထပ် အဖြစ်များလေ့ရှိတာကတော့ လက်အကြောကပ်ခြင်း ဖြစ်ပါတယ်။ လက်မှာရှိတဲ့ အဓိက အာရုံကြောလေးများထဲမှ အာရုံကြော တစ်ခုကို ညှစ်မိ သို့မဟုတ် ဖိမိ တဲ့အခါ လက်ကြောကပ်ခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ အခုလို အကြောကပ်လာသည့်အပြင် တဆစ်ဆစ် နာကျင်လာမယ် ၊ လက်ကိုက်မယ် ၊ အကြောအားနည်းလာခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါတွေဟာ ရောဂါဖြစ်ခြင်း၏ ရှေ့ပြေး လက္ခဏာများ ဖြစ်တာကြောင့် ဆရာဝန်များ နဲ့ ပြသဖို့ လိုအပ်ပါတယ်။
၃။ လည်ပင် နှင့် ပခုံး တစ်ဝိုက် ထုံခြင်း
လည်ပင် အောက်ခြေမှာရှိတဲ့ ညှပ်ရိုး နဲ့ ပထမဦးဆုံး နံရိုးကြားမှာ ရှိတဲ့ သွေးကြောများ နှင့် အာရုံကြောတွေကို ဖိမိသွားတဲ့ အခါတွေမှာ လည်ပင် နှင့် ပခုံး တစ်ဝိုက် ထုံခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုဝေဒနာတွေဟာ များသောအားဖြင့် အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိပြီး လက် ၊ လည်ပင် နှင့် ပခုံးတွေမှာ နာကျင်ကိုက်ခဲခြင်း ၊ ထုံခြင်း ဒါမှမဟုတ် အရာတစ်ခုခု ကိုင်တွယ်ရာတွင် အားမရခြင်းတွေကို ခံစားရပါတယ်။
အမျိုးသမီးအများစုအနေဖြင့် ဒီလိုအခြေနေတွေကို ဇတ်ကြောတက်တယ်လို့ ယူဆကြပါတယ်။ အိမ်အလုပ်လုပ်ရတဲ့ အမျိုးသမီးအများစုကတော့ လက်မောင်းအရိုးထဲက တဆစ်ဆစ်ကိုက်ပြီး ညဘက် အိပ်မရခြင်းတွေကို ဖြစ်စေတက်ပါတယ်။ ဒီလိုဖြစ်လာပြီးဆိုရင် တက်နိုင်သမျှ စောစော ဆရာဝန်များနှင့် ပြသင့်ပါတယ်။
၄။ လက်များဖြူဖပ်ဖြူရော် ဖြစ်ခြင်း သို့မဟုတ် သွေးမလျောက်တဲ့ရောဂါ
အေးတဲ့အချိန်အခါတွေမှာ သင့်ရဲ့ လက်ချောင်းများ ဟာ အေးနေပေမယ့် အအေးဓာတ်ကို သင်ကိုယ်တိုင် မသိနိုင်ပါဘူး။ (ဥပမာ - တစ်စုံတစ်ယောက်က သင့်ရဲ့ လက်ကို ကိုင်တွယ်လိုက်တဲ့အခါ အေးနေပေမယ့် သင်ကိုယ် အေးနေတာကို မသိနိုင်ခြင်း ) ။ ဒီလို ဖြူဖပ်ဖြူရော် ဖြစ်နေတာကို ဝေဒနာ ခံစားရနေတယ်လို့ မသိရှိနိုင်ပဲ ဒါကို တစ်ချို့လူတစ်ယောက် အနေဖြင့် အရမ်းအေးစက်တယ်လို့ဘဲ ထင်မြင်လေ့ရှိပါတယ်။ ဒီရောဂါဟာဆိုရင် အအေး ပမာဏများလာတဲ့အခါ အစပြုလာတတ်ပါတယ်။ ဒီရောဂါစဖြစ်လာတဲ့အခါ လက်ချောင်း ဒါမှမဟုတ် ခြေချောင်းတွေ စတင် ဖြူလာတတ်ပါတယ်။
ဒီလိုဖြူလာပြီဆိုရင် လက်ချောင်းတွေစတင် အေးစက်လာမယ် ၊ အပြာရောင်ဘက်သို့ တဖြည်းဖြည်း ပြောင်းလဲလာတက်ပြီး နောက်ဆုံး ထုံ သွားတတ်ပါတယ်။ ဒီလို သွေးမလျောက်တဲ့ ရောဂါ ဖြစ်ပေါ်လာရတဲ့ အကြောင်းကတော့ သွေးတွေဟာ အကန့်သတ်ဖြင့် စီးဆင်တာကြောင့် ဖြစ်ပါတယ်။ နောက်ဆုံး အဆိုးဆုံး အခြေအနေထိရောက်လာခဲ့ရင် ခြေတွေ ၊ လက်တွေကို ပါ ဖြတ်ပစ်ရတဲ့ အထိ ဖြစ်ပေါ် စေနိုင်ပါတယ်။
Credit original writter

image