10 ပတ် - ဘာသာပြန်ပါ။

ချောက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းကျောက်တန်းပြိုကျ
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ယနေ့ စက်တင်ဘာ ၂၆ ရက်နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းကျောက်တန်းပြိုကျခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
ချောက်မြို့နယ်၊ အောင်မြေပြည်တော်သာရပ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံကျောက်တန်းပြိုကျခဲ့သဖြင့် ချောက်မြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများနှင့် ကူညီရွှေ့ပြောင်းပေးခြင်းများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်ကလည်း မကွေးတိုင်း၊ မင်းလှမြို့နယ်၊ သရက်-မင်းလှသွားကားလမ်း၏ မိုင်တိုင်အမှတ်(၅၀/၀)နှင့်(၅၀/၁) ကြားတွင်ချောင်းရေကြီး၍ တံတားအောက်တွင် သစ်ကိုင်းများပိတ်ဆို့နေသဖြင့် မင်းလှမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

image
image
image