10 w - Translate

ပြန်ဆုံကြရင်
ပိုတော်တဲ့လူတစ်ယောက် ဖြစ်နေပေးပါ။
ရှယ်ရုန်းခဲ့မှာမလား...
ဖြစ်ချင်တာတွေ
ပုံဖော်လို့ကောင်းတဲ့အရွယ်
စိတ်သွားတိုင်း ကိုယ်ပါတဲ့အရွယ် မလို့
ငါတို့တွေ ဝေးနေကြရင်တောင်
အနားမှာရှိသလို မှတ်ယူပြီး
ကြိုးစားခဲ့ပေးပါ။
လက်လျှော့ချင်တဲ့နေ့တွေရှိလာတယ်
အားငယ်ရတဲ့နေ့တွေကြုံလာတယ်
ဒီလိုဆိုရင်တောင် ဇွဲကောင်းပြရင်း
ဖြစ်ချင်တဲ့အရာ ဖြစ်အောင်လုပ်ပြဖို့
သန်မာနေမယ်မလား...
နှိမ်တတ်တဲ့ပတ်ဝန်းကျင်တွေ
ကဲ့ရဲ့တတ်တဲ့လူတွေ
အထင်သေးတဲ့ ဆွေမျိုးတွေ
အဲဒီလို
" ကိုယ့်ကိုဆို ဘာမှမဟုတ်တဲ့ကောင်ပါကွာ " လို့
ပြောဆိုကြတဲ့ လူတွေကို ပြန်လာရင်
အနေအထား တစ်ခုနဲ့ မောကြည့်ရအောင် ထိ
ရုန်းခဲ့ပေးပါ။
နာကျည်းခဲ့ရတဲ့အရာတွေ များခဲ့တယ်မလား..
ခံပြင်းစိတ်နဲ့တာ ကြိုးစားခဲ့ကွာ...
မင်းကို အမြင့်ဆုံးနေရာတစ်ခုမှာ မြင်ချင်တာ
ငါထိပ်ဆုံးကပါ။
အရင်က
ဘာမှဖြစ်မြောက်တာ မရှိခဲ့ရင်တောင်
ဒီတစ်ခေါက်တော့ တကယ်လုပ်ပြခဲ့ပေးပါ။
ဘဝကို တိုက်နိုင်တဲ့အရွယ်မှာ
အကောင်းဆုံး တိုက်ခိုက်ခဲ့ပါ။
လောကကြီး ကို အနိုင်ပိုင်းပြီး
ပြန်လာမယ်လို့ ငါယုံကြည်တယ်။

·