10 ပတ် - ဘာသာပြန်ပါ။

Nokia ရဲ့ CEO စတီဖင်အီလော့ (Stephen Elop) ဟာ သူ့ရဲ့နှုတ်ဆက်မိန့်ခွန်းမှာ "ကျွန်တော်တို့ ဘာအမှားမှ မလုပ်ခဲ့ပါဘူး ဒါပေမယ့် ဘာကြောင့်မှန်းမသိ ကျွန်တော်တို့ ရှုံးနိမ့်သွားတယ်" လို့ ပြောကြားခဲ့ပါတယ် ဒီပြောကြားချက်ဟာ သုံးစွဲသူတွေအကြား ဝမ်းနည်းဖွယ်ရာ အခိုက်အတံ့တစ်ခုဖြစ်ခဲ့ရပါတယ်
တစ်ချိန်က မိုဘိုင်းဖုန်းလောကမှာ ပြိုင်ဘက်မရှိ ဦးဆောင်နိုင်ခဲ့တဲ့ Nokia ဟာ သူ့ရဲ့ခိုင်ခံ့တဲ့ စက်ပစ္စည်းတွေနဲ့ အကြမ်းခံတဲ့ ပုံစံတွေကြောင့် ကမ္ဘာတစ်ဝန်းက အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်
ဒါပေမဲ့ Nokia ဟာ ခလုတ်ဖုန်းတွေကနေ touchscreens သို့ ပြောင်းလဲသွားတဲ့ အခြေအနေကို လျှော့တွက်ခဲ့ပါတယ် လူကြိုက်များတဲ့ Android စနစ်ကို အသုံးပြုမည့်အစား Microsoft ရဲ့ Windows Phone စနစ်နဲ့ ပူးပေါင်းခဲ့ပါတယ် ၎င်းစနစ်ဟာ လူတွေရဲ့ကျယ်ကျယ်ပြန့်ပြန့် လက်ခံမှုကို ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ် ရလဒ်အနေဖြင့် Nokia ဟာ Apple ရဲ့ iOS နဲ့ Google ရဲ့ Android စနစ်​တွေကို လိုက်မီနိုင်ခြင်း မရှိတော့ပါဘူး
Nokia ကျရူံးရခြင်းရဲ့နောက်ထပ် အရေးပါတဲ့ အချက်ကတော့ ဆန်းသစ်တီထွင်မှု နှေးကွေးခြင်းကြောင့်ဖြစ်ပါတယ် ပြိုင်ဘက်တွေဖြစ်တဲ့ Apple နဲ့ Samsung တို့က လှပတဲ့ ဒီဇိုင်းတွေ၊ အဆင့်မြင့်စွမ်းဆောင်ရည်တွေနဲ့ အသုံးဝင်တဲ့ app stores တွေကို မိတ်ဆက်နေချိန်မှာ Nokia ဟာ ကြာရှည်ခံဖို့နဲ့အခြေခံလုပ်ဆောင်ချက်တွေ ကိုသာ အာရုံစိုက်နေခဲ့ပါတယ် ဒီလိုနဲ့ အသုံးပြုသူတွေ လိုချင်တဲ့ အရာနဲ့ Nokia တို့ အကြား ကွာဟချက်မှာ ပိုမိုကြီးမားလာခဲ့ပါတယ်
Nokia ရဲ့ ပြိုလဲမှုကိုကြည့်ခြင်းအားဖြင့် အောင်မြင်မှုတွေဟာ အမြဲတမ်း မတည်မြဲနိုင်ကြောင်းသိရှိလိုက်ရပါတယ် အောင်မြင်ဖို့အတွက် ကုမ္ပဏီတွေဟာ အမြဲတိုးတက်ပြောင်းလဲဖို့နဲ့ ဆန်းသစ်တီထွင်ဖို့လိုအပ်ပြီး သုံးစွဲသူတွေရဲ့လိုအပ်ချက်တွေကိုလည်းကြိုတင်မျှော်မှန်းရန်လိုအပ်ပါတယ်

image