သင်္ချိုင်းဟောင်းက လက်ကျန်သရဲကြီး''(စ/ဆုံး
မြို့ကွက်သစ်ချဲ့သည့်အတွက် မြေကွက်များ
ရိုက်ပေးပြီး မဲနှိုက်ရာ ကိုတင်လှနှင့်မမြဝင်းတို့
ဇနီးမောင်နှံက မြို့စွန်ကပ်၍ ဖောက်ထားသော
လမ်းဘေးတွင် မြေကွက်တစ်နေရာ ရရှိလိုက်
သည်။ သူတို့၏ ရှေ့မျက်နှာစာမှာ လက်ရှိမြို့
ရှိပြီး သူတို့နောက်မှာအိမ်မဆောက်ရသေးသော
အကွက်သစ်များ ရှိသည်။
လမ်းမတန်းဘေး ရသူများက ဝမ်းသာနေကြ
သလို အတွင်းဘက် ကျသူများကလည်း
နောင်စည်လာရင် နားအေးပါးအေးနေရသည်ဟု
ဖြေသိမ့်စကား ဆိုကြသည်။ ရပ်ကွက်သစ်မှာ
အိမ်ခြေငါးရာနီးပါးရှိသည်။ မြေကွက်လပ်ကျန်ပင်
ရှိသေးသည်။ ကိုတင်လှတို့က သူတို့ရသော
ခြံကို ဝါးခြမ်းပြားကပ်များဖြင့် စည်းရိုးကာလိုက်သည်။
အင်ကညင်တောသစ်များဖြင့် သုံးပင်
ပတ်လည် အိမ်လေးတစ်လုံး လက်သမား
ငှား၍ဆောက်လိုက်သည်။သူတို့ပြောင်းလာပြီး
ဆယ့်လေးငါးရက်အတွင်း အိမ်လုံးလေးပေါ်
လာသည်။ အိမ်ပေါ်တက်၍ မရသေး၊ယခင်
နေခဲ့သော အိမ်ဟောင်းမှ သယ်လာသော
ပန်းပင်မျိူးစုံတို့က ပန်းအိုးများအတွင်းမှာ
လန်းဆန်းစွာ ရှိနေသည်။ ယခုအကွက်သစ်က
မြို့တွင်းနေရာအနှံ့မှာ နေထိုင်ကြသော ကျူး
ကျော်မှုများကို ဖယ်ခိုင်းပြီး နေရာအသစ်မှာ
အကွက်ရိုက်၍ မဲနှိုက်ကာ မြေကွက်ချပေးခြင်း
ဖြစ်သည်။
သူတို့ရပ်ကွက်လေးကို အောင်သုခရပ်ကွက်ဟု
အမည်ပေးထားသည်။ ပြောင်းရွှေ့လာသူ တစ်ဝက်ခန့်
က ပျံကျအလုပ်သမားဖြစ်၍ အဆောက်အဦးကောင်းများ
မဆောက်ကြသေးဘဲ နေ၍ရရုံသာ ဆောက်လုပ်နေ
ထိုင်ကြသဖြင့် မြို့သစ်ရပ်ကွက်လေးမှာ မီးဘေး
ဒုက္ခသည်များ နေသော နေရာလိုလိုဖြင့် မတင့်တယ်
ရှိနေသည်။ မြေကွက်ချမပေးခင် သက်ဆိုင်ရာက
ရေရရှိရေး မီးရရှိရေး လုပ်ပေးထားသဖြင့် ညဘက်
မီးရှိသည်။ အဝီစိတွင်းကြီး တူးပေးထားသဖြင့်
ရေအတွက် မပူရ။ ကိုတင်လှတို့ အနီးဝန်းကျင်
အိမ်အလုံးတစ်ရာနီးပါးကတော့ ရုပ်လုံးပေါ်လာ
ပြီး ဖြစ်သည်။
တစ်ခုတော့ သတင်းကြားသည်။ သူတို့မြေနေရာများ
က မသန့်ဟု သိထားသည်။ မြို့မ မီးသင်္ဂြု ိဟ်စက်နှင့်
သင်္ချိုင်းအသစ် မရှိခင်က ဤနေရာက သင်္ချိုင်းအ
ဟောင်းဟု သိရသည်။ သင်္ချိုင်းဟောင်းကို သင်္ချိုင်း
သစ်နေရာသို့ ပြောင်းရွေ့ခဲ့သည်မှာ သုံးနှစ်ခန့်
ရှိပြီဟု သိရသည်။ ယခု အသုံးမပြုတော့သည်
သင်္ချိုင်းအဟောင်းနေရာမှာ သစ်ပင်များ၊ မြက်များ
ရှင်းလင်းပြီး မြို့ကွက် ရိုက်ပေးခြင်းဖြစ်သည်။
ပြောင်းရွှေ့လာသူအချို့က ညညလမ်းပေါ်မှာ
လူလိုလို အခိုးအငွေ့လိုလို လျှောက်သွားနေသည်
ကို မြင်ကြရသည်လည်း ပြောကြသည်။ ညည့်နက်
ပြီဆိုလျှင် ပြောင်းရွေ့လာသူတို့မှာ ပါလာသော
ခွေးများ၏ အူသံကိုလည်း ညစဉ်လိုလို ကြားကြ
ရသည်။ ကိုတင်လှတို့ မိသားစုက လေးယောက်
တစ်ဗိုက်ဖြစ်သည်။
သူတို့မိသားစုမှာ ငါးနှစ်အရွယ် မိန်းကလေး
တစ်ယောက်၊သုံးနှစ်အရွယ် သားလေးတစ်ယောက်
ယခုမမြဝင်း ဗိုက်ထဲမှာ နှစ်လကလေးကို
လွယ်ထားရသည်။ သူတို့အိမ်လေးကို သွပ်မိုးပြီး
ပျဉ်ခင်းထားသည်။ ဝါးထရံကာရန် ဆိုင်မှာ
မှာထားသည်။ အပ်ထည်များ၍ သူတို့အလှည့်
မရောက်သေး၊ သို့ကြောင့် အိမ်လုံးပေါ်လာသော်
လည်း ထရံမကာရသေးသဖြင့် အိမ်ပေါ်မတက်
ရသေးပေ။ကိုတင်လှ၏ ယောက္ခမများက
မြိ့ထဲရပ်ကွက်တစ်ခုမှာနေထိုင်ကြသည်။
ကလေးနှစ်ယောက်က အဘွားအိမ် သွားလိုက်၊
အိမ်လာလိုက်နှင့် ကူးချည်သန်းချည်
လုပ်နေကြသည်။
"မိန်းမရေ…နောက်နှစ်ရက်လောက်ဆို အိမ်တက်လို့
ရရင် ကောင်းမှာပဲ"
"ဘာဖြစ်လို့လဲ …နေ့ကောင်းလို့လား"
"ဟုတ်တယ် …လာမယ့်အင်္ဂါနေ့ နေ့ကောင်းတယ်
အိမ်သစ်တက်လို့လည်းကောင်းတယ်…ထရံမရသေး
လည်း တက်နေလိုက်ကြတာပေါ့ "
ညနေထမင်းစားပြီသည်နှင့် တစ်ဖက်ရပ်တဲလေး
အတွင်း ကိုတင်လှ ကျောဆန့်နေသည်။ အိမ်ကို
ဆောက်ပေးသော ဘကြီးထွန်းတို့ ဆရာတပည့်လည်း
ထမင်းစားပြီး ပြန်သွားပြီဖြစ်သည်။ အချိန်က
ခြောက်နာရီခွဲခန့်ရှိပြီး မှောင်စပျိုးနေပြီ၊ ထိုအချိန်
ကိုတင်လှသူငယ်ချင်း ကိုအောင်ဖြိုး ခြံထဲဝင်လာသည်။
"မြဝင်း…နင့်ယောင်္ကျားငပျင်း ဘယ်သွားလဲ"
"ရှိတယ် …တဲရုံထဲမှာ"
"ဟေ့လူ…ခြံထဲဝင်လာပြီး၊ကျုပ်ကို ရှိ မရှိ
ဘာလို့ မေးတာလဲ"
"မင်း…မရှိတော့ မင်းမိန်းမနဲ့ စကားပြောရ
တာပေါ့ …ဒါကြောင့် သေချာအောင် မေးရတာ"
"ကဲ…ကျုပ် ရှိတယ် ဘာပြောမလို့လဲ"
"မင်း…ရှိမှတော့၊ ငါနောက်မှပဲ လာတော့မယ်"
"မင်းတို့နှစ်ယောက်ကို သားနဲ့သမီး ချောင်းခိုင်းထားမယ်"
"ဟေ့ကောင်…တင်လှ၊ မင်းလျှောက်ပြောနေလို့
မင်းမိန်းမ ငါ့ကို ပြစ်မှားနေဦးမယ်"
စာရှည်လို့တင့်လို့မရလို့လင့်လေးတင်ပေးထားပါတယ်ဆက်လက်ဖတ်ပေးပါ
Linkကိုဖတ်လို့အဆင်ပြေအောင်လုပ်ပေးထားပါတယ်
Link >https://space.kalivblog.com/?page_id=262