ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့နဲ့ ရေနွေးကြမ်းလုပ်ပြီး သောက်သုံးခြင်းဟာ သင့်ကျန်းမာရေးအတွက် တကယ်ကို အကျိုးရှိပါတယ်။ ဒီအပင်သုံးမျိုးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေနဲ့ ရေနွေးကြမ်းပြုလုပ်နည်းကို အောက်မှာ လေ့လာကြည့်လိုက်ရအောင်။
ကျန်းမာရေးအကျိုးကျေးဇူးများ
* ဂျင်း – ဂျင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သင့်ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။
* ကြက်သွန်ဖြူ – ကြက်သွန်ဖြူဟာ သွေးကြောတွေကို သန့်စင်ပေးပြီး သွေးတွင်းက မကောင်းတဲ့အဆီတွေကို လျှော့ချပေးနိုင်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းအောင် ကူညီပေးပါတယ်။
* ကြက်သွန်နီ – ကြက်သွန်နီက သွေးခဲတွေကို ပျော်ဝင်အောင် ကူညီပေးတာကြောင့် သွေးကြောပိတ်ဆို့ခြင်းကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။
ဒီဆေးဖက်ဝင်အပင်တွေကို ပုံမှန်သောက်သုံးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းမွန်စေပြီး လက်ထုံ၊ ခြေထုံဖြစ်တာ၊ နှလုံးခုန်မမှန်တာနဲ့ သွေးကြောပိတ်ဆို့တာမျိုးတွေကို ကာကွယ်နိုင်ပါတယ်။
ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ရေနွေးကြမ်း ပြုလုပ်နည်း
ဒီရေနွေးကြမ်းကို အလွယ်တကူ ကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းများ:
* ပါးပါးလှီးထားတဲ့ ဂျင်း ၅-၆ ချပ်
* အနည်းငယ် ထုထားတဲ့ ကြက်သွန်ဖြူ ၅-၆ မြွှာ
* အနည်းငယ် ထုထားတဲ့ ကြက်သွန်နီ ၃-၄ လုံး
* ရေ ၁ လီတာ
ပြုလုပ်နည်းအဆင့်ဆင့်:
၁။ အိုးတစ်လုံးထဲမှာ ရေ ၁ လီတာကို ထည့်ပါ။
၂။ ဂျင်း၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို ရေထဲမှာ ထည့်ပြီး မီးအသင့်အတင့်နဲ့ ၁၀-၁၅ မိနစ်ခန့် ဆူပွက်အောင် တည်ပါ။
၃။ ပြီးရင် အရည်ကို စစ်ယူပြီး နွေးနွေးလေး သောက်နိုင်ပါတယ်။
၎။ တစ်နေ့တာလုံး သောက်ဖို့အတွက် ပုလင်းထဲ ထည့်ထားလို့လည်း ရပါတယ်။
ဒီသဘာဝဆေးဖက်ဝင် ရေနွေးကြမ်းကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် သင့်ရဲ့ ခန္ဓာကိုယ်ဟာ ပိုမိုကျန်းမာပြီး သွေးလည်ပတ်မှုလည်း ကောင်းမွန်ချောမွေ့လာမှာပါ။
#crd

image