သိန္နီမှာ MNDAA ထိန်းချုပ်နယ်မြေအတွင်း မုဒိမ်းမှုနဲ့ လူသတ်မှု ကျူးလွန်သူတွေကို တရားစီရင်
စက်တင်ဘာ ၂၆
သိန္နီမှာ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက MNDAA ထိန်းချုပ်နယ်မြေအတွင်း မုဒိမ်းမှုနဲ့ လူသတ်မှု ကျူးလွန်သူတွေကို တရားစီရင်ခဲ့ပြီး သေဒဏ် ချမှတ်ခံရသူတွေလည်း ပါကြောင်း ဒေသခံဆွေဆီက သိရပါတယ်။
"ဒီနေ့ သေဒဏ် ချမှတ်ခံရသူတွေက ဗမာ နှစ်ယောက် တရုတ် တယောက် " လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ပြစ်မှုကျူးလွန်သူ ခုနှစ်ယောက်ထဲက နှစ်ယောက်ကို ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာပဲ သေဒဏ် ချမှတ်ခံရတယ်လို့ သူက ပြောပါတယ်။
"သိန္နီမှာ လူအများရှေ့ သေဒဏ် ချမှတ်တာ MNDAA တွေ ထိန်းချုပ်တဲ့ အချိန်မှပဲ မြင်ဖူးတာ။ ခုမှ ကြီးပြင်းလာတဲ့ ကလေးတွေရှေ့မှာ လုပ်ပြတာက နမူနာကောင်းတော့ မဟုတ်ဘူးထင်တယ်" လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ပြစ်မှုကျူးလွန်လို့ တရားစီရင်ခံထားရသူ ခုနှစ်ယောက်ရှိပြီး အဲဒီထဲမှာ တရုတ်လူမျိုး သုံးယောက်နဲ့ ဗမာလူမျိုး လေးယောက်ပါဝင်ကာ မုဒိမ်းမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ခိုးမှု၊ လုယက်မှု တွေပါတယ်လို့ ဆိုပါတယ်။
လားရှိုးကို MNDAA ထိန်းချုပ် ထားချိန် ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းကလည်း လားရှိုး အပါအဝင် MNDAA ထိန်းချုပ်နယ်မြေအတွင်း ပြစ်မှုကြီးကြီးမားမား ကျူးလွန်ခဲ့တဲ့ တရားခံ ခြောက်ယောက်ထဲက လေးေယာက်ကိုသေဒဏ်ချမှတ်ခဲ့ပြီး တရားခံ တယောက်ကို သေဒဏ်ကို ၂ နှစ် ဆိုင်းငံ့ထားကာ တရားခံ နောက်တယောက်ကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး