ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ လူအများ အထိတ်တလန့်ဖြစ်အောင် ပစ်ကပ်ကားတစ်စီးနဲ့ မဆင်မခြင် ခပ်ကြမ်းကြမ်း မူစကူဒူး😀ခဲ့တဲ့ ရုရှားနိုင်ငံသားစုံတွဲကို ဖမ်းဆီးရမိပြီလို့ ဖူးခက်တိုင်းမ် သတင်းဌာနက ဖော်ပြပါတယ်။
ဒီဖြစ်ရပ်ဟာ လူမှုကွန်ရက်ပေါ်မှာလည်း ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့အတူ ရေပန်းစားခဲ့ပါတယ်။
ဖြစ်စဉ်အကျဉ်း
ပြီးခဲ့တဲ့ ရက်တွေအတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတွေအရ၊ ဖူးခက်မြို့တွင်းလမ်းမတွေပေါ်မှာ ပစ်ကပ်ကားတစ်စီးဟာ မူစကူဒူး😀ပုံစံနဲ့ မောင်းနှင်ခဲ့ပါတယ်။ ကားကို အရှိန်ပြင်းပြင်း ကွေ့ပတ်ကမြင်းတာ၊ ဘီးချော်အောင် မောင်းနှင်တာ စတဲ့ လုပ်ရပ်တွေကြောင့် လမ်းသွားလမ်းလာတွေနဲ့ အခြားယာဉ်မောင်းတွေဟာ စိုးရိမ်ထိတ်လန့်ခဲ့ကြရပါတယ်။ ဒီလိုမဆင်မခြင်မောင်းနှင်မှုဟာ ယာဉ်တိုက်မှုဖြစ်ဖို့ နီးစပ်ခဲ့ပြီး လူအများရဲ့ လုံခြုံရေးကိုပါ ခြိမ်:ခြောက်ခဲ့ပါတယ်။
အာဏာပိုင်များရဲ့ လုပ်ဆောင်မှု
ဒီဖြစ်ရပ်အပေါ် လူအများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အရေ:-ယူဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီနောက် ဖူးခက်ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေနဲ့ သက်ေ-သ အထောက်အထားတွေကို အခြေခံပြီး ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အခုလိုမဆင်မခြင် မူစကူဒူး😅ခဲ့တဲ့ ရုရှားနိုင်ငံသားစုံတွဲကို ဖမ်:-ဆီးရမိခဲ့ပြီဖြစ်ကြောင်း ဖူးခက်တိုင်းမ်က အတည်ပြုဖော်ပြခဲ့ပါတယ်။ အခုချိန်မှာတော့ သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ ဆက်လက်အရေးယူသွားဖို့ ပြင်ဆင်နေပါတယ်