ချောင်းဆိုးလို့ ညအိပ်မရဖြစ်နေသူများ မဖြစ်မနေသိထားရမယ့် ဆေးနည်းလေးပါ 🥰🥰
အင်္ဂလိပ်ဆေး ဗမာဆေး စုံပြီးသောက်လို့မှ မပျောက်တဲ့ ချောင်းဆိုးအတွက် ကျေးလက်ဆေးနည်းလေးကို မျှဝေပေးချင်ပါတယ်။
အဖျားကြီးပြီးနောက် ကျန်ရစ်ခဲ့တဲ့ ချောင်းဆိုးခြောက်ကြောင့် ညဘက်အိပ်မရဘဲ လူက အားကုန်ခမ်းရတဲ့အဖြစ် အတော်များများ ကြုံဖူးကြမှာပါ။ ဒီလိုမျိုးမှာ ကျေးလက်ဒေသကနေ ရှာတွေ့ခဲ့တဲ့ ဆေးနည်းလေးက အဆင်ပြေသွားတာကြောင့် မျှဝေပေးလိုက်ပါတယ်။
ဆေးပြုလုပ်နည်း
· ရဲယိုရွက် ငါးရွက်ကို အိမ်သုံးဆား ကြက်ဥတစ်လုံးစာနဲ့ထည့်ပြီး ထုပ်လိုက်ပါ။
· မီးအပြင်း/မီးဖိုထဲမှာ ဖုတ်လိုက်ပါ။ ရဲယိုရွက်တွေ ကျွမ်းသွားတဲ့အခါ ဆားက လောက်စာလုံးအရွယ် ကျန်ရှိပါလိမ့်မယ်။
· အဲဒီဆားကို တစ်ခါသောက် မန်ကျည်းစေ့အရွယ်ခန့်ယူပါ။
· သံပုရာသီးတစ်ခြမ်းညှစ်ပြီး သောက်ပေးပါ။
ဒီနည်းလေးကို တစ်နေ့ကို နှစ်ကြိမ်ခန့် သောက်သုံးပေးခြင်းဖြင့် ဆေးမတိုးတဲ့ ချောင်းဆိုးခြောက်တွေ သိသိသာသာ သက်သာပျောက်ကင်းနိုင်ပါတယ်။
ကျေးဇူးပြုပြီး ကိုယ်တိုင်လည်း စမ်းသပ်သောက်သုံးကြည့်ပါ။ ပျောက်ကင်းသူတွေရဲ့ အတွေ့အကြုံလေးတွေကိုလည်း မျှဝေပေးကြပါဦးနော်။

image