#နာမကျန်းသည်အိုနှင်းဆီ
#မိုးမိုး(အင်းလျား)
ဆရာမရဲ့ fanတွေရှိတယ်ဟုတ်
ကိုယ်ကတော့ uniတက်ခဲ့တဲ့တလျှောက် သူ့စာအုပ်တွေရှာဖတ်တဲ့ကာလတွေရှိခဲ့ဖူးတယ်
ဖတ်ဖူးတာတော့ ဆယ်အုပ်ဝန်းကျင်လောက်တော့ရှိမယ်
ဆရာမရဲ့စာအုပ်တိုင်းလိုလိုက လက်တွေ့ဆန်လွန်းလို့ ဆယ်ကျော်သက်တွေဖတ်ဖို့ညွှန်းတဲ့အခါသူ့စာအုပ်ေတွကမပါမဖြစ်မဟုတ်လား (အပျိုရီးဖြစ်သွားနိုင်တဲ့အန္တာရယ်တော့ရှိ)
ဖတ်ဖူးသမျှထဲ ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေလေးတစ်ခုေလာက်ပဲအချစ်ကိုအသားေပးတဲ့စာအုပ်ပုံစံပေါက်တယ်ဒါတောင် SEရီး :"
ခုစာအုပ်က စာရေးဆရာမဖြစ်မယ့် ဇာတ်ကောင် မဆောင်းခင်ေလးရဲ့ ငယ်ဘဝကနေ ဇာတ်အိမ်တည်ပြီး နာမည်ရလာတဲ့ စာရေးဆရာမဖြစ်တဲ့အထိ ဘဝဇာတ်ကြောင်းဝတ္ထုပေါ့
ဆရာမကိုအရင်တည်းကကြိုက်လို့လားမသိဘူး ဖတ်ရင်းပျင်းတယ်ဆိုတာမျိုးတော့မရှိ စာအုပ်ထူပေမယ့်လေ
စာရေးဆရာမရဲ့ ဇာတ်ကြောင်းဆိုတော့ ဆရာမရဲ့ real lifeအကြောင်း 70%လောက်ပါမလားပဲ
အပြင်မှာဆရာမရဲ့ခင်ပွန်းကထုတ်ဝေသူ စာအုပ်ထဲမှာလည်း male leadကထုတ်ဝေသူဆိုတော့လေ
ထုံးစံအတိုင်းအချစ်ရေးက ပါလေယံ အိမ်ထောင်ရေးကတော့ခပ်များများပေါ့
အိမ်ထောင်ရေးဆိုလို့လည်း သာသာယာယာကတော့တစ်အုပ်မှမရှိ ခုလည်းအာ့အတိုင်းပါပဲ 😆
ဒါမယ့် ခုစာအုပ်လေးကတော့ အရမ်းဆိုးဆိုးဝါးဝါးရီးတော့မဟုတ်တာကျေးဇူးတင်ရမယ်
တစ်ခုသဘောကျတာက male lead နဲ့ female lead တို့ရဲ့ဇာတ်လမ်းက ဘာနဲ့ဆင်လဲဆို ဂျာနယ်ကျော်မမလေးရဲ့သူလိုလူနဲ့ဆင်တယ်
စိတ်ဝင်စားတဲ့နယ်ပယ်တူအချင်းချင်းကို တွဲပေးလိုက်တာကိုတော့သဘောကျတယ်
အနည်းဆုံးတစ်ယောက်ကစာအုပ်အကြောင်းဟောင်ဖွာဟောင်ဖွာပြောနေရင် တစ်ယောက်ကထိုင်ပြီးပြုံးပြံုးရီးကြည့်နေနိုင်ေသးတာပေါ့😌
If we vibe, we vibe သမားမို့ ဇာတ်ကောင်နှစ်ယောက်ကို 100%မဟုတ်ပေမယ့် perfect matchလို့ေပြာရမှာပဲ
Male lead ကတော့ ဆရာမရေးနေကျပံုစံအတိုင်း လက်ကြောမတင်းခြေကြောမတင်းစတိုင်ကတော့ပေါက်တာပေါ့လေ ဒါကတကဏ္ဍ😌
နိဂုံးချုပ်ကတော့စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း ပြောပြရမယ့်မရှိလို့ အာလာေချာင်ခြင်းပါ 😌
Credit to owner