တို့ဟူးနွေးအလွယ်လုပ်နည်း
တို့ဟူးနွေး ချက်ချင်းမြန်မြန်နဲ့လွယ်လွယ်လုပ်တဲ့နည်းလေး
ကြက်သွန်ဖြူဆီချက်ချက်ထားပါ
ငရုပ်သီးအကြမ်းဖက်ကို ကြက်သွန်ဖြူဆီချက်ပူပူလေးလောင်းထည့်ပြီးငရုပ်သီးဆီကြော်လေးလုပ်ထားပါ
မြေပဲနဲ့နှမ်းလှော်လေးထောင်းထားပါ
ခေါက်ဆွဲကဆန်စီးခေါက်ဆွဲဲလေးပြုတ်ထားပါတယ်
တို့ဟူးကျိုရန်အတွက် မွေးပဲစိမ်းမုန့်ဆန်ချိန်ခွက်တခွက်ကိုရေဆန်ချိန်ခွက်နဲ့တခွက်ထည့်ပြီးအရင်ကြေအောင်ဖျော်ပြီးဇကာလေးနဲ့စစ်ချပါ။(ကိုယ့်အဆင်ပြေမဲ့ခွက်ကိုသုံးလို့ရပါတယ် ပဲမုန့်တခွက်ကိုရေငါးခွက်သုံးထားတာပါ)
နနွင်းမုန့်လေးအနည်းငယ်ထည့်ပါ
ပြီးရင်ကျိုမဲ့အိုးတလုံးထဲကိုရေဆန်ချိန်ခွက်သို့မဟုတ်ကိုယ်အသုံးပြုတဲ့ခွက်နဲ့လေးခွက်တိတိချိန်ထည့်ပြီဆူအောင်တည်ပါဆားလေးအနည်းငယ်နဲ့ဆီထမင်းစားဇွန်းနှစ်ဇွန်းလောက်ထည့်ပါ
ပြီးရင်စောစောကဖျော်ထားတဲ့ပဲမုန့်အရည်တွေကိုလက်တဖက်ကလောင်းထည့်လက်တဖက်ကမွေပေးပါ မီးမပြင်းပါစေနဲ့(မီးပြင်းရင်အောက်ကတူးပြီးလက်ကိုလည်းပဲရည်တွေစင်ပြီးအပူလောင်တတ်လို့သတိထားပါနော်)
မွေနေရင်းနဲ့ပဲစိမ်းနံလေးပျောက်ပြီး အလွန်ဆုံးဆယ်မိနစ်လောက်ဆိုရပါပြီ
ပြီးရင်ခေါက်ဆွဲတယောက်စာထည့်တို့ဟူးရည်ထည့်
ဆီချက်မြေပဲနှမ်းထည့် ပဲငံပြာရည်အချို ပဲငံပြာရည်အကြည်ထည့် ငရုပ်သီးကြော်ထည့် မရိရင်ငရုပ်သီးအကျက်မုန့်လေးထည့် နံနံပင်ကြက်သွန်မြိတ်လေးထည့်ပြီရပါပြီ
အလွယ်တကူလုပ်စားလို့အသားတော့မပါတော့ပါဘူးရှင်
အီကြာကွေး နဲ့စားပါမယ်ရှင်
အသားမပါလည်းစားကောင်းပါတယ်

imageimage