“အရူး၏အမှု
ဥပေက္ခာသာ
ပြုလိုက်တော့”
⚡️
ပုထုဇ္ဇနော ဥမ္မတ္တကော
ဆိုထားရာ....ပုထုဇဉ်တို့
ပြုကျင့်သမျှအရာအားလုံး
စိတ်ဦးတည့်ရာ ကိုယ်လိုက်ပါကာ
အကောင်အထည်ဖော်ထားခြင်းမျှသာ.....
၎င်းကို...သူ့လို
စိတ်တူသမားနှင့်တွေက
ကောင်းပေ့ပြော ရောဝင်လာမည်။
သူနှင့်စိတ်မတူသူက
မကောင်းဂုဏ်ပုဒ်တပ်
ပုဒ်ခတ်မည်....။
သူဟူသော....
ကာယကံရှင်ခမျာမှာမူကား....
အကောင်းဟူသောအထင်
ကောင်းထက်ကောင်းဟူသော
အထင်
စိတ်ကူးတယဉ်ယဉ်ဖြင့်
ပြင်ဆင်ပြုလုပ်ထားရကား
ဘာလုပ်လုပ် အဟုတ်ချည်း
ထင်နေပေလိမ့်မည်။
သို့သော်.....
တဏှာအရင်းထမ်း....အဆန်း
မာနအရင်းထမ်း.....အကြမ်း
ဒိဋ္ဌိ အရင်းထမ်း အစွဲလန်း.....
ငန်းဖမ်းနေတတ်သောကြောင့်
ဘာလုပ်လုပ်
မဟုတ်တဟုတ်ဖြင့်သာ
ပြီးပြေမည်။
သင်သည်....သူလုပ်ရပ်
စောင့်ကြပ်ကာ
ပုတ်ခတ်(ဝေဖန်)နေသော်
သင်သာလျှင် အရူး၊
သူ့ထက်ကဲ
ဘွဲ့ထူး ဆွတ်ခူးရလိမ့်မည်...။
⚡️
မဟာဗောဓိမြိုင်ဆရာတော်၏
ဓမ္မနီတိကထာ စာအုပ်
စာ ၁၇၉/၁၈၀-မှ
[ ၁၃၆၁ ခုနှစ် ၊
တန်ဆောင်မုန်း လ
ပြည့် ကျော် ၊ ၂ ရက် ၊
မောနေယျ တော ၊
⚡️