✅အတွေ့အကြုံလေး မျှဝေတာပါ.....။
ကျွန်မ သံပုရာသီး ပျားရည်စိမ်ကို ကိုယ်တိုင်လုပ်ပြီး စားသုံးကြည့်တဲ့အခါ ဗိုက်ချပ်လာပြီး ခါးသေးသွားသလို ကိုယ်လက်ပေါ့ပါးပြီး ပိုပြီးသက်သောင့်သက်သာ ရှိလာတယ်လို့ ခံစားရပါတယ်။ ကျွန်မ ဝမ်းချုပ်ပြီး ဗိုက်အမြဲတင်း၊ မအီမသာ ဖြစ်နေတာကြောင့် အူလမ်းကြောင်း ကောင်းကောင်း အလုပ်မလုပ်ဘူးလို့ ခံစားရတဲ့အချိန်မှာ သံပုရာသီး ပျားရည်စိမ်ကို စပြီး စားသုံးခဲ့တာပါ။
✅အရင်ကလည်း ဒီလို စားသုံးဖူးပါတယ်။ ဒီတစ်ခါမှာတော့ ဝမ်းပိုမှန်လာပြီး ဗိုက်ချပ်ကာ ခါးပိုသေးသွားသလို ကိုယ်ခန္ဓာလည်း ပိုပေါ့ပါးလန်းဆန်းလာတယ်လို့ ခံစားရပါတယ်။
✅ပြုလုပ်နည်းက လွယ်လွယ်လေးပါ.........
* သံပုရာသီး ၇-၈ လုံးခန့်ကို ရေသေချာဆေးပါ။
* ပါးပါးလှီးပြီး အစေ့တွေအားလုံး ဖယ်ထုတ်ပါ။
(အစေ့တွေက ခါးစေတက်လို့ပါ)
* သန့်ရှင်းတဲ့ ဖန်ပုလင်းထဲကို သေသေချာချာ စီထည့်ပါ။
* ပျားရည်ကို သံပုရာသီးတွေ မြုပ်တဲ့အထိ လောင်းထည့်ပါ။
* အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲမှာ ၃ ရက်ခန့် စိမ်ထားပြီးရင်
စားသုံးနိုင်ပါပြီ။
✅ကျွန်မ စားသုံးပုံ........
* မနက်တိုင်း ဗိုက်ထဲမှာ ဘာမှမရှိတဲ့ အချိန် (အစာမစားခင်)
မှာပါ။
* ပျားရည်စိမ် သုံပုရာသီး ၁-၂ ချပ်ကို ပုလင်းထဲက
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့အတူ ခပ်ယူပါ။
* ရေနွေး ၁ ဖန်ခွက်နဲ့ ဖျော်ပြီး လန်းဆန်းစွာ သောက်သုံးပါ။
✅ကျွန်မခံစားရတဲ့ အကျိုးကျေးဇူးများ.......
* ဝမ်းမှန်စေပြီး အူလမ်းကြောင်းရှင်းလင်းစေပါတယ်။
* ဗိုက်ချပ်ပြီး ခါးသေးသွားကာ မအီမသာ ဖြစ်တာတွေ
လျော့ကျသွားပါတယ်။
* အသားအရေလည်း အနည်းငယ် ကြည်လင်လာပါတယ်။
* ကိုယ်ခန္ဓာ ပေါ့ပါးလန်းဆန်းလာပါတယ်။
✅Admin ရဲ့ အသေးစား လျှို့ဝှက်ချက်လေး......😁
တချို့ရက်တွေမှာ သံပုရာသီးအရသာ ငြီးငွေ့လာရင် ရှောက်သီး ပျားရည်စိမ်ကို ပြောင်းစားပါတယ်။ ရှောက်သီးရဲ့ မွှေးရနံ့က လန်းဆန်းစေပြီး လေပူကို ကောင်းကောင်းထုတ်ပေးနိုင်တာကြောင့် လေထိုးလေအောင့်တာကို သက်သာစေပါတယ်။
✅ဒီလိုမျိုး တစ်လှည့်စီ ပြောင်းစားသုံးပေးခြင်းအားဖြင့် မငြီးငွေ့စေဘဲ အူလမ်းကြောင်း၊ အသားအရေနဲ့ အစာခြေစနစ် အားလုံးအတွက် အကျိုးကျေးဇူးတွေ အပြည့်အဝ ရရှိစေပါတယ်။