" ဆေးဖက်ဝင် မြင်းခွာရွက် "💛💛
မြင်းခွါပင်ဟာ ဆီးကို အထူးရွှင်တယ်။ ပြီးတော့ လူ့ခွန်အားကိုလည်း တိုးပွားစေတယ်။ ပြီးတော့ နေ့စဉ်မှန်မှန်မြင်းခွါရွက်ကိုစားပေးခြင်းဖြင့်အမောအပန်းခံနိုင်တယ်။ သက်လုံကောင်းတယ်၊ ပြီးတော့ မြင်းခွါရွက်ကို မှန်မှန်စားပေးခြင်းကြောင့် သွေးတိုးရောဂါ၊ အဆုတ်ရောဂါ၊ ချောင်းဆိုးရောဂါတွေကို သက်သာပျောက်ကင်းစေတယ်။ နောက် ရေငတ်ရောဂါကို ပျောက်ပြီး အပူကိုငြိမ်းစေတယ်။ အသက်ကို ရှည်စေတယ်။ ဦးနှောက်ကို ကြည်လင်စေတယ်။💛💛
မှတ်ဉာဏ်ကောင်းလာစေတယ်။ ဖြူနေတဲ့ဆံပင်ကို မြင်းခွါရွက်ကို နေ့စဉ်ဆက်ပြီးစားပေးခြင်းဖြင့် ပိတုန်းရောင်ကေသာလို ပြန်လည်နက်မှောင်လာစေတယ်။💛💛
ဒါကြောင့် မြင်းခွါပင်ကလေးဟာ အနေစုတ်ပေမယ့် ရွှေထုပ်တဲ့မြပဝါလိုပါလို့ တင်စားချင်တယ်။
မြင်းခွါပင်နှင့် ဆေးအသုံးများ---
ဆီးရောဂါအမျိုးမျိုးအတွက်---💛💛
(၁) ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်ရောဂါမျာအးတွက် မြင်းခွါပင် သုံးလေးစည်းကို ရေစင်အောင်ဆေးပြီး သန့်ပြန့်တဲ့ ကျောက်ဆုံနှင့်ထောင်းပြီး အရည်ညှစ်ယူပါ။ အဲဒီအရွက်စိမ်းညှစ်ရေကို ရှေးက သတ္ထုရည်လို့ ခေါ်တယ်။ အဲဒီရွက်စိမ်းရည်ထဲကို သကြားသင့်ရုံထည့်ပြီး လူကြီး လက်ဖက်ရည်အကြမ်း တပုဂံကို ည-မနက် တိုက်ပေးရတယ်။
ကလေးကြီးဆိုလျှင် လက်ဖက်ရည်အကြမ်းပုဂံ တဝက်၊💛💛
နို့စို့ကလေးဆိုရင် လက်ဖက်ရည်ဇွန်း တဇွန်း တိုက်ရမယ်။
သတိထားရမှာက လူကြီးတွေမှာ သွေးချို၊ ဆီးချိုရှိနေရင် သကြားမထည့်ရဘူး။ ဒီအတိုင်းပှု တိုက်ရမယ်။💛💛
သက်လုံကောင်းအောင်---
(၂) မြင်းခွါပင် ပဥ္စငါးပါးကို သန့်စင်ပြီး ညက်အောင်ထောာင်းကာ အရည်ညှစ်ယူပြီး ပျားရည်အနည်းငယ်ဖြင့် ရောစပ်ကာ လက်ဖက်ရည်အကြမ်းပုဂံတလုံးကို နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အမောအပန်းပြေစေပြီး အားခွန်ဗလ တိုးမယ်။ အမောအပန်းကို ခံနိုင်ပြီး သက်လုံကောင်းတယ်။💛💛
မျက်စဉ်း---
(၃) မျက်စိနာ၊ မျက်ရည်ယို၊ မျက်စိကျိန်းစပ်သော ရောဂါဖြစ်လျှင် မြင်းခါွရွက် ရွက်စိမ်းရည်ကို အရည်ကြည် စစ်ယူပြီး အဲဒီအရည်ကြည်ကို ဝါဂွမ်းစနှင့်တို့ပြီး ည-မနက် မျက်စဉ်းခတ်ပေးလျှင် သက်သာပျောက်ကင်းစေ နိုင်တယ်။💛💛
သွေးစုနာနှင့် အနာစိမ်း---
(၄) သွေးစုနာနှင့် အနာစိမ်းများ လူ့ခန္ဓာကိုယ်မှာ ပေါက်လာရင် မြင်းခွါရွက်နှင့် စပါးလင် ဆတူရောကြိတ်ကာ အုံပေးထားရမယ်။ ပတ်တီးစည်းလို့ရရင်လည်း ပတ်တီးစည်းထားပေါ့။ အဲဒီလို ပတ်တီးစည်းပေး၊ အုံပေးထားရင် သွေးစုနာနှင့် အနာစိမ်းများ အပျောက်မြန်ပြီး အနာရဲ့အမြစ်ပါ ကျွတ်ထွက်သွားတာကိုတွေ့ရမယ်။💛💛
အဆစ်များ ကိုက်ခဲလျှင်---
(၅) မြင်းခွါပင်ကလေးများကို ရေနှင့်သန့်ပြီး အရည်ညှစ်ယူပါ။ ပြီးလျှင် ရေနံဆီနှင့် ဆတူရောရတယ်။ ပြီး အဆစ်အမြစ် ကိုက်ခဲခြင်း၊ အကြောတက်ခြင်း စသည့်နေရာတွေမှာ နာနာပွတ်လိမ်းပေးပါ။ (မနက်တကြိမ်၊ ညတကြိမ်) အဲဒီလိုပြုလုပ်ပေးရင် အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် အကြောတက်ခြင်းတို့မှ သက်သာပျောက်ကင်း ပါတယ်။💛💛
ဆီပူလောင်ခြင်း ရေနွေးပူလောင်ခြင်း---
(၆) အမှတ်တမဲ့ ရေနွေးပူလောင်ခြင်း၊ ဆီပူလောင်ခြင်းဖြစ်လျှင် ချက်ချင်း မြင်းခွါရွက်ကို ထုထောင်းပြီး အရည်ညှစ်ယူကာ သကြားဖြင့် ရောစပ်ပြီး ဒဏ်ရာကို ဝါဂွမ်းဖြင့် မကြာခဏလိမ်းပေးရမယ်။ အဖုပေါက်ခြင်း၊ ပူလောင်ခြင်း ဝေဒနာမှ သက်သာပျောက်ကင်းသွားမည် ဖြစ်ပါတယ်။💛💛
မှတ်ဉာဏ်နှင့် အားတိုးဆေး---
(၇) မြင်းခွါရွက်စိမ်းရည် တကျပ်ခွဲသားနှင့် သကြား တကျပ်သားတို့ကို နွားနို့စစ်စစ် ပူပူဖြင့် နေ့စဉ် မှန်မှန် သောက်ပေးသွားပါက ကာမအားကို တိုးပွားစေပြီး မှတ်ဉာဏ်ကောင်းလာမယ်။ ဉာဏ်ပညာလည်း ထက်မြက်စေပါတယ်။💛💛
ခရက်ဒစ်ပြန်လည်မျှဝေသည်
#crd_to_owner_with_respectcrd

image