Homemade Hamburger လုပ်နည်း နဲ့ burger Sauce လုပ်နည်း🍔
ဒီညစာတော့ အိမ်က သမီးအကြိုက် Hamburger လုပ်ကျွေးပါတယ်…
ပါဝင်ပစ္စည်း
🍔 အမဲသား or ကြိုက်နှစ်သက်ရာအသား (20%fat)
🍔burger ပေါင်မုန့်
🍔cheese အပြား
🍔ခရမ်းချဉ်သီး ကြက်သွန်နီ ဆလပ်ရွက်
အရင်ဆုံး အသားကို ဆားနဲ့ ငရုတ်ကောင်းမှုန့်နဲ့ နှယ်ပီး အပြားလေးတွေလုပ် ဒယ်အိုးထဲ ထောပတ်သုတ်ကင်ပါ (သို့) Air fryerထဲ ထည့်ပီး ကင်လို့လည်းရပါတယ် အညှော်သက်သာတာပေါ့
ပေါင်မုန့်ကိုဒယ်ပြားထဲပူလာအောင်ခဏထည့်ကင်ပါ
အသားကျက်ရင် cheese အပြားကို အသားပေါ်တင်ပီး ကင်ပေးပါ …
အားလုံးပီးရင်တော့ ပေါင်မုန့်ပေါ် အသားပြားထည့် အသီးရွက်ထည့် sauce ထည့် ပီး စားလို့ရပါပီ…
🍔Sauce လုပ်ရန်
Mayonnaise ၃ ဇွန်း
Ketchup( Tomato sauce) ၂ဇွန်း
Vinegar ၁/၄ ဇွန်း
mustard (မရှိရင်မထည့်လို့ရပါတယ်)
sugar
ငရုတ်ကောင်းမှုန့် တို့ကို စိတ်ကြိုက်အရသာရအောင် ရောလိုက်ရင် အရသာကောင်းတဲ့ burger sauce ရပါပြီ …
#cherrycooking
#hamburger
Credit to owner