ဝါရင့် စတီရီယို တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

စက်တင်ဘာ ၂၅

စတူရီယိုခေတ်ဦးမှာ ထင်ရှားခဲ့တဲ့ ဝါရင့် တေးသံရှင်တယောက် ဖြစ်တဲ့ ဗစ်တာခင်ညိုဟာ ဒီကနေ့ စက်တင်ဘာ ၂၅ ရက်၊ မနက် ၅ နာရီဝန်းကျင်က ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစုဝင်တွေက လူမှုကွန်ယက်မှတဆင့် အသိပေးထားပါတယ်။

တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်တာနဲ့ ပတ်သက်လို့ ညီဖြစ်သူ အဆိုတော် တူးတူးက ကျွန်တော်၏ အစ်ကိုအကြီးဆုံးဖြစ်တဲ့ တေးသံရှင် Victor Khin Nyo ကွယ်လွန်သွားပြီဖြစ်ကြောင်း ပရိသတ်များကို ဝမ်းနည်းစွာ အသိပေးအပ်ပါတယ် လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဗစ်တာခင်ညိုဟာ နွေ၊ လွမ်းတေး၊ ခွာညို၊ ကြွေရုပ်ကလေး၊ ဒီဇင်ဘာ နံနက်ခင်း၊ ရာသီစုံအလွမ်း၊ ငိုမနေနဲ့၊ လွမ်းတေး အစရှိတဲ့ တေးသီချင်းကောင်း များစွာအပြင် ရုပ်ရှင် ဇာတ်ဝင်တေး သီချင်းများစွာကိုလည်း သီဆိုခဲ့သူတယောက် ဖြစ်တယ်လို့ သိရပါတယ်။

နှလုံးရောဂါအခံရှိပြီး လေဖြန်းထားသူလည်း ဖြစ်တဲ့ အဆိုတော်ကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့ကပင် အသက် ၇၉ နှစ် ပြည့်ခဲ့တဲ့ မွေးနေ့အပြီး ငါးရက်အကြာမှာ သူချစ်တဲ့ ဂီတလောကကြီးကို အပြီးတိုင်နှုတ်ဆက် ခွဲခွာသွားခဲ့တာ ဖြစ်ပါတယ်။

Photo - CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage