နာမည်ကြီးတေးသံရှင် ဗစ်တာခင်ညို ယနေ့ကွယ်လွန်

စက်တင်ဘာ ၂၅

စတီရီယို ခေတ်ဦးမှာ ထင်ရှားတဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ တေးသံရှင် ဗစ်တာခင်ညို ယနေ့ ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။

ကျနော်၏ အကိုအကြီးဆုံးဖြစ်တဲ့ တေးသံရှင် Victor Khin Nyo ကွယ်လွန်သွားပြီဖြစ်ကြောင်း ပရိသတ်များကို ဝမ်းနည်းစွာအသိပေးအပ်ပါတယ် လို့ အဆိုတော် တူးတူးက ပရိသတ္ကို အသိပေးထားပါတယ်။

တေးသံရှင် ဗစ်တာခင်ညိုဟာ နွေ၊ ဒီဇင်ဘာ မနက်ခင်း အပါအဝင် မြန်မာပရိသတ်ကြား ရေပန်းစားတဲ့ တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့ပါတယ်။

အနုပညာဂီတအသိုင်းအဝိုင်းကလည်း အဆိုတော်ကြီး ဗစ်တာခင်ညို ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း ရေးသားဖော်ပြထားကြပါတယ်။

Credit - Myanmar Transprency News Agency

#centralnewsnayyitaw

image
image
image