#ဂွေးတောက်ရွက် ရဲ့ ကောင်းကျိုးများ Save ထားပါ💁
💠 ၁။ အရွက်ကိုကင်ပြီး အနာကိုကပ်မယ်ဆိုရင် အနာစိမ်းတွေနဲ့ သွေးစုနာတွေ ပျောက်စေပါတယ်။ နုရင်ပိန်သွားမှာဖြစ်ပြီး ရင့်ရင်တော့ ပြည်ပေါက်သွားမှာ ဖြစ်ပါတယ်။
💠 ၂။အရက်သောက်သူတွေအတွက် ဂွေးတောက်ရွက်ကိုကြက်သားနဲ့ချက်စားမယ်ဆိုရင် အဆိပ်အတောက် ပြယ်စေပါတယ်။
💠 ၃။ ကြော်စားမယ်၊ ဟင်းခါးချက်သောက်မယ်ဆိုရင် လေထိုးလေအောင့်နဲ့ ဆီးချုပ်တာပျောက်ပါတယ်။
💠 ၄။ အရွက်ကိုကြိတ်ပြီး အုံစည်းပေးထားမယ်ဆိုရင် အဖုအကြိတ်တွေပျောက်ပါတယ်။
💠 ၅။ သကြားနဲ့ထောင်းပြီး အုံပေးရင် အကြောအဆစ်လွဲတာပျောက်ပါတယ်။
💠 ၆။ ဘဲဥနဲ့ကြော်စားမယ်ဆိုရင် ခွန်အားတိုးစေပါတယ်။
💠 ဂွေးတောက်နှင့် သနပ်ခါး
အမျိုးသမီးများ အဖြစ်များလေ့ရှိတဲ့ဒူး၊ ခါး၊ လက်တို့ နာကျင်ကိုက်ခဲခြင်း ဝေဒနာဆိုးကို သက်သာပျောက်ကင်းစေမဲ့ ကိုယ်တွေ့ ဆေးနည်းကောင်းလေး ဖြစ်ပါတယ်။
💠 #ဆေးနည်း
💠 ၁။ ဂွေးဒေါက်ရွက် အနည်းငယ်ကိုထောင်း၊ ထွက်လာတဲ့ အရည်နဲ့ သနပ်ခါးကို သွေး၊ ဒူးကနေစပြီး ခြေဖြားအထိ လိမ်းရခြင်း ဖြစ်ပါတယ်။
💠 ရောဂါ အနုအရင့် အလိုက် နေ့စဉ် ရေချိုးပြီးတကြိမ်၊ ညအိပ်ရာဝင်တကြိမ် ပုံမှန် လိမ်းပေးမယ်ဆို သိသိသာသာ ပျောက်ကင်းလာပါလိမ့်မယ်။
💠 #ဆေးဖက်အသုံး၀င်ပုံ
💠 အနာဟောင်း၊ အနာဆွေး
အနာက်ို သန့်စင်အောင်ဆေးပြီး ထိုအရွက်ကို ကပ်ပေးပါ။ တနေ့ (၃) ကြိမ်ခန့်။
💠 ရေယုန်
အရွက်သတ္တုရည် မကြာခဏ လိမ်းပေးပါ။
💠 အကြောအဆစ်လွဲခြင်း
အရွက်ကို သကြားနှင့် ရောထောင်းပြီး အကြောအဆစ်လွဲသည့်နေရာသို့ အုံ၍ ပတ်တီးစည်းပေးပါ။ တနေ့ (၂) ကြိမ်ခန့်။
💠 တက်တတ်သည့် သူများအတွက်
အတက်ဝေဒနာရှင်အား တက်နေချိန်၌ နားရွက်ကိုခြေပြီး သန့်ရှင်းသော အပ်ဖြင့် အသာအယာဖောက်ပါ။ အရွက်ကိုခြေ၍ နားအားပွတ်ခြေပေးပါ။ အရွက်ရေညှစ်ပြီး
တိုက်ကျွေးပေးပါ။ ရောဂါ သက်သာ ပျောက်ကင်းစေ၏။
💠 အရက်စွဲသူ
ထိုအရွက်ကို ကြက်ခြေထောက်၊ ခေါင်းများဖြင့် မကြာခဏ ဟင်းချိုချက်သောက်ပေးပါက နှစ်ရှည်လများ အရက်စွဲသူအတွက် အရက်နှင့် ကင်းပြတ်စေပါ၏။
💠 ၀မ်းကိုက်ခြင်း
၀မ်းသွားလျှင် အချွဲများ ပါခြင်းအတွက် ထိုအရွက်နှင့် ကြက်ဥကို ကြော်၍ ထမင်းဖြူနှင့် တနေ့ တကြိမ်ခန့်စားပေးပါ။ (၀မ်း၌ ချွဲပါနေစဉ်အတွင်း အပူ၊ အစပ်များ
အတတ်နိုင်ဆုံးရှောင်ပါ။) (၂) ရက် (၃) ရက်ခန့်အတွင်း အချွဲပါခြင်း ရပ်သွားပါမည်။
💠 ကိုယ်ထဲက အဆိပ်တွေ ထုတ်ပေးမဲ့ ကြက်ရိုးနဲ့ ဂွေးတောက် ဟင်းချို
💠 ဂွေးတောက်ရွက်ရဲ့ ခါးသက်သက် အရသာနဲ့ ကြက်သားရဲ့ အချိုဓာတ်နဲ့ ရောစပ်ပြီး ချက်သောက်တဲ့ ကြက်ဂွေးလို့ ခေါ်တဲ့ ဟင်းချို တမျိုးဟာ သောက်လို့ကောင်းမယ့် ဟင်းတခွက်ပါ။ အခုအချိန်မှာ ဂွေးတောက်ရွက် နုနုနဲ့ ကြက်သားကို အရိုးနဲ့ ချက်ရင် ပိုကောင်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဟင်းတခွက်လည်း ဖြစ်တာကြောင့်ဒီလို ရာသီဥတုနဲ့ လိုက်ဖက်လည်း ညီပါတယ်။
💠 ဂွေးတောက်ရွက်ဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အရွက်ဆိုတာ သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ဂွေးတောက်ရွက်ဟာ ၀မ်းမီးကို ကောင်းစေပြီး အစာကြေလွယ်စေပါတယ်။
💠 အမျိုးသားတွေ အတွက် ဒူလာကောင်းပြီး အမျိုးသမီးတွေအတွက် သွေးသား မှန်ကန်စေပါတယ်။
💠 လေအောင့်လေထိုး ကောင်းမွန်စေတဲ့ အပြင် အရက်ကြာရှည်စွာ သောက်သုံးသူတွေကိုဂွေးတောက်ရွက်နဲ့ ကြက်ရိုးဟင်းချိုနဲ့ ကိုယ်အတွင်းမှာ ရှိတဲ့ အဆိပ် အတောက်တွေကို ပြေပျောက်စေပါတယ်။ ဒါကြောင့် တချို့ အရက်ဆိုင်တွေမှာဆို ကြက်ဂွေးကို တမင်မှာသောက်နေကြတာဖြစ်ပါတယ်
crd