* နှမ်းဖတ်ချဉ် *
တောင်းဆိုထားတဲ့ နှမ်းဖတ်ချဥ်ပြုလုပ်နည်းလေး
တင်ပေးလိုက်ပါပြီရှင့်။
# မြေပဲ နှမ်း တို့ကနေ ဆီကြိတ်တဲ့အခါ ဆီထွက်သွားပြီး ကြိတ်ဆုံထဲမှာ မြေပဲဖတ် နှမ်းဖတ်လေးတွေကျန်ခဲ့ပါတယ် ။
# ကျန်နေတဲ့နှမ်းဖတ်ကို ရေတစ်ထပ်ဆေးပါ။
ရေသန့်သန့်လေးနဲ့ နှမ်းဖတ်ပွလာတဲ့အထိ စိမ်ပါ ။
# နှမ်းဖတ်ပွလာတဲ့အခါ ဆားနည်းနည်းထည့်ပြီးနယ်ပါ ။
ပြီးရင် အဝတ်အိတ်ထဲထည့်ပြီး မုန့်နှစ်ရေစစ်သလိုစစ်ထားပါ။
ရေစစ်သွားလျှင် ပန်းကန်တစ်ခုထဲပြောက်းထည့်ပါ။
၂ ရက် ၃ ရက်ကြာရင် နှမ်းဖတ်ချဉ် ရပါပြီ ။
နှမ်းဖတ်ချဉ်ကို ရှောက်ရွက် ၊ ကြက်သွန်နီ နဲ့ ငရုတ်သီးစိမ်း ပါးပါးလှီးပြီးထည့်ပါ ။
ကြက်သွန်ဖြူကိုလည်း ပါးပါးလှီးထည့်လို့ရပါတယ် ။
ပြီးရင် ဆားထည့် ၊ ပဲဆီမွှေးမွှေးလေးဆမ်းပြီး နယ်ပါ ။
ပဲဟင်းချိုအရည်သောက်ကလေးနဲ့လိုက်ဖက်တဲ့
တန်ဖိုးနည်း အရသာရှိ ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပါ ။
မြေပဲဖတ်ကိုလည်း ဒီနည်းအတိုင်းပြုလုပ်နိုင်ပါတယ် ။

image