လေ့လာသူ သုတေသီများဟာဆိုရင် ခန္ဓာကိုယ်ထဲမှာ ၁၉ ရာစုသုံး မှိန်းတလက် ထိုးစိုက်လျက်ဖြင့် အသက်ရှင်လျက်ရှိနေသော ဝေလငါးတကောင်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုဝေလငါးမှာ အနှစ် ၁၀၀ ကျော် အသက်ရှင်နေထိုင်ခဲ့ ကြောင်း သက်သေပြခဲ့ပါတယ်။
ဤထူးခြားတဲ့ရှာဖွေတွေ့ရှိမှုမှာ ဝေလငါးများရဲ့
ခံနိုင်ရည်နဲ့ ၎င်းတို့ရဲ့အသက်ရှင်နိုင်စွမ်းကို မီးမောင်းထိုးပြလျက်ရှိပြီး
အချို့သောဝေလငါးများမှာ ရာစုနှစ် နှစ်ခု နီးပါး အသက်ရှင်နေထိုင်နိုင်ကြတယ်လို့ဆိုကြပါတယ်။
၎င်းမှိန်းဟာဆိုရင် စီးပွားဖြစ် ဝေလငါးဖမ်းစီးမှုများ အများအပြားပြုလုပ်ကြတဲ့
၁၈၀၀ ပြည့်လွန်နှစ်များရဲ့ နှောင်းပိုင်းသုံး
မှိန်းတခုဖြစ်ကြောင်းခြေရာခံမိခဲ့ကြပါတယ်။
ဒဏ်ရာရရှိသော်လည်း ဝေလငါးများသည်
သမုဒ္ဒရာထဲတွင် အံ့အားသင့်ဖွယ်
ရှင်သန်နေထိုင်နိုင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။