ဘုန်းကြီးကျောင်းဝန်းထဲတွင် ဘောလုံးပွဲလာကြည့်ရာ အုတ်နံရံပြိုကျ၍ ကျောင်းသား (၃) ဦးသေဆုံး
စက်တင်ဘာ ၂၅
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာအုပ်စု၊ ကုန်းပေါ်ရွာသစ်ရွာရှိ ဘုန်းကြီးကျောင်းဝန်းတွင် ဘောလုံးပွဲလာကြည့်ရာ အုတ်နံရံပြိုကျ၍ ဘောလုံးပွဲလာရောက်ကြည့်သည့် ကျောင်းသား (၃) ဦးသေဆုံးပြီး အမျိုးသား (၂) ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၄ ရက် နေ့လည် ၃ နာရီ ၁၀ မိနစ်အချိန်တွင် မိုးများသည်းထန်စွာရွာသွန်းပြီး လေများတိုက်ခိုက်သောကြောင့် ကုန်းပေါ်ရွာသစ်ရွာရှိ ဘုန်းကြီးကျောင်းအုတ်နံရံမှာ ပြိုကျခဲ့ကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ မြို့ခံလူမှုကူညီရေးအသင်းများမှ သွားရောက်ခဲ့ကြောင်း သိရသည်။
“ဘုန်းကြီးကျောင်းအုတ်နံရံပြိုကျတာ။ မိုးတွေကလည်းကြီး၊ လေတွေကလည်းကြီးတယ်။ အဲ့မှာ ကလေ းတွေပေါ် ပိပြီး သေတာ။ ကလေးတွေရဲ့ ခေါင်းတွေပြား၊ ဦးနှောက်တွေထွက်နေတာ။ ရွာထဲကအမျိုး သားတစ်ယောက်နဲ့ ဘောလုံးပွဲကန်မဲ့သူလည်း ဒဏ်ရာတွေပြင်းတယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထိုအုတ်နံရံပြိုကျ၍ သေဆုံးသူများမှာ ကုန်းပေါ်ရွာသစ်ရွာတွင် နေထိုင်သည့် အသက် (၁၂)၊ (၁၃) နှင့် အသက်(၁၄) နှစ်အရွယ်ရှိသည့် (၆) တန်းကျောင်းသားနှင့်(၇) တန်းကျောင်းသားတို့ဖြစ်ကြောင်း ရုပ်အ လောင်းများကို လမိုင်းဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပြီး၊ ဒဏ်ရာရရှိသူများကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
#democracynowmm


+5


