10 ပတ် - ဘာသာပြန်ပါ။

စေတန်ဂြိုဟ် ကိုအလင်းဆုံးမြင်ရမယ့်အချိန်
ယနေ့ စက်တင်ဘာ လ ၂၁ ရက်နေ့မှာ စေတန်ဂြိုဟ် ဟာ ကမ္ဘာနဲ့ နေ နဲ့ တတန်းထဲ ကျရောက်ပါမယ်။ astronomy အခေါ်အဝေါ် opposition ရောက်တယ်လို့ ခေါ်ပါတယ်။ opposition ရောက်ချိန်မှာဆို သက်ဆိုင်ရာ ဂြိုဟ်တွေ ကို အလင်းဆုံး မြင်ရတာဖြစ်ပါတယ်။ ဒီနေ့မှာ စနေဂြိုဟ်ဟာ ကမ္ဘာကနေ မိုင်ပေါင်း 1.3 Billion miles ကွာဝေးမှာဖြစ်ပါတယ်။ ပုံမှန်ပျမ်းမျှ 1.4 Billion Miles ကွာဝေးတာဖြစ်တာကြောင့် မိုင်ပေါင်း သန်း ၁၀၀ လောက် ပိုနီးနေတာဖြစ်ပါတယ်။ ဒါကြောင့် နေဝင်ပီးစအချိန်ကနေစပြီး စနေဂြိုဟ် ကို သာမန်မျက်စိနဲ့ တညလုံး အလင်းလက်ဆုံးမြင်နိုင်မှာပါ။ တယ်လီစကုတ် နဲ့ ကြည့်ပါက စနေဂြိုဟ်ရဲ့ အကြီးဆုံးဂြိုဟ်ရံလ ဖြစ်တဲ့ Titan တိုက်တန် အပြင် စနေဂြိုဟ်ရဲ့ ဂြိုဟ်ပတ်ကွင်းတွေကိုပါ မြင်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မိုးရာသီ ဖြစ်တာကြောင့် ကောင်းကင် မှာ တိမ်တွေ များနေနိုင်ပါတယ်။ ညဖက် တိမ်ကင်းတဲ့ အချိန် လေးရှိပါက လင်းလက်စွာတောက်ပနေမယ့် စနေဂြိုဟ် ကို သာမန်မျက်စိနဲ့ပဲ ရှာကြည့်နိုင်ပါတယ်။

image
image
image