She's Got No Name (2025)
Crouching Tiger Hidden Dragonစတဲ့ရုပ်ရှင်ကောင်းတွေနဲ့နာမည်ကျော်ခဲ့တဲ့ မမ Zhang Zi Yiရဲ့ ၁၉၄၅ခုနှစ်တုန်းက သတင်းစာတွေမှာအကျယ်တဝင့်ပါပြီးဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကိုမှီငြမ်းရိုက်ကူးထားတဲ့ မှုခင်းရုပ်ရှင် အသစ်ကိုတင်ဆက်ပေးလိုက်ပါပြီ။
ဒီကားမှာ Yang Mi, Zhao Li Ying, Jackson Yee, Li Xian စတဲ့နာမည်ကြီး
သရုပ်ဆောင်တွေကလဲ Supporting Role အနေနဲ့ပါဝင်ထားပြီးတော့ ကြည့်ရတာအားရစေမယ့်ရုပ်ရှင်ကောင်းဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
၁၉၄၅ခုနှစ် ၃လပိုင်း ၂၀ရက်နေ့မနက် ရှန်ဟိုင်းမြိုမှာလူသတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
လူသန်ကြီးလို အားလုံးခေါ်ကြတဲ့ ကျန်းယွင်ယင်ကိုသူ့ရဲ့ဇနီးကျိုးမျိုးနွယ်ကသတ်လိုက်တာပါ။
သတ်ပြီးသွားတဲ့နောက်မှာကျိုးမျိုးနွယ်ကထွက်မပြေးပဲ အလောင်းကိုအပိုင်းပိုင်းဖြတ်နေခဲ့ပြီး ရဲတွေရောက်လာတဲ့အချိန်မှာအဖမ်းခံခဲ့ပါတယ်။
လူသတ်မှုဖြစ်တဲ့နေရာမှာ တခြားသူမရှိပဲ ကျိုးမျိုးနွယ်ကိုယ်တိုင်ကိုကသူသတ်ပါတယ်လိုဝန်ခံခဲ့တဲ့အတွက် တရားရုံးကနေပြီးတော့သေဒဏ်ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့် အရပ်(၆)ပေကျော်သန်မာတဲ့ယောင်္ကျားကြီးတစ်ယောက်ကို အရပ် ၅ပေ ၃လက်မလောက်ပဲရှိတဲ့ အားနွဲတဲ့မိန်းကလေးကသတ်နိုင်မယ်လိုလူထုကမယုံကြည်ကြတဲ့အတွက် ဆန့်ကျင်မှုတွေရှိလာခဲ့ပါတယ်။
ပြည်သူတွေအပြင် သတင်းပိုင်းအနုပညာပိုင်းကလူတွေပါအာရုံစိုက်လာတဲ့အတွက် အာဏာပိုင်တွေဟာအကြပ်ရိုက်လာပါတယ်။
ဒီလိုနဲ့ အမျိုးသမီးတွေဖိနှိပ်ခံရတဲ့ခေတ်မှာ ဒီအမှုဟာ အမျိုးသမီးတွေအတွက်တန်းတူအခွင့်အရေးရဖိုကြိုးစားမှုအတွက်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။