ပဲပြားအပ်မှိုဟင်းရည်
အပ်မှိုက လူကြိုက်လည်း များတယ်။ အပ်မှိုကို လည်း နည်းလမ်းမျိုးစုံနဲ့ ချက်စားနေကြတဲ့အတွက် အခုဒီတစ်ခါမှာလည်း အပ်မှိုကို ပဲပြားနဲ့တွဲပြီး ဟင်းရည်လေး ချက်ပြပေးထားပါတယ်။
ပါဝင်ပစ္စည်းများ
ပဲပြား - ၁ဝဝ ဂရမ်
အပ်မှို - ၆၀ ဂရမ်
ခရမ်းချဉ်သီး - ၂၀ ဂရမ်
ဆီ - စားပွဲဇွန်း ၂ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ် - အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ကြက်သွန်ဖြူ၊ ကြက်သွန်နီကို နုပ်နုပ်စဉ်းထားပါ။ ခရမ်းချဉ်သီးကိုလည်း လှီးထားပါ။ အပ်မှိုကို ရေစင်အောင် ဆေးထားပါ။ မီးဖိုပေါ်မှ အိုးတစ်လုံးထဲကို ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအစိမ်းမှုန့်၊ ခရမ်းချဉ်သီးတို့ကို ထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ဆား၊ သကြား၊ ပဲပြား၊ အပ်မှိုထည့် ပြီး ဆူအောင် တည်ထားပေးပါ။ ဆူလာရင်တော့ ကြက်သွန်မြိတ်အုပ်ပြီး ပူပူနွေနွေးလေး သုံးဆောင် နိုင်ပါပြီ။ ဟင်းရည်လေးက ထမင်းမြိန်စေတာမို့လို့ ချက်စားကြည်ဖို့ တိုက်တွန်းချင်ပါတယ်။