10 w - Translate

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ
ဆေးစစ် တွေ့ရှိချက်အရ အဘွားအိုမှာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ရှိနေပြီဖြစ်ပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေသောကြောင့် တင်ပဆုံအောင့်ခြင်းဖြစ်ကြောင်း သိလာသည်။
အသက် ၈၂ နှစ်ရှိပြီဖြစ်သော အဘွား၏ ဗိုက်ထဲတွင် lithopedion ဟုခေါ်သော ကျောက်သန္ဓေသားမှာ အလေးချိန် ၄ ပေါင်ခန့်ရှိပြီး ဆယ်စုနှစ်များစွာ သတိမပြုမိခဲ့ကြောင်း Telegraph သတင်းဌာနက ဖော်ပြသည်။
X-ray ဓာတ်မှန်ရိုက်ကြည့်သောအခါတွင်မှ ကျောက်ဖြစ်သန္ဓေသားရှိနေခြင်းဖြစ်ကြောင်း ဆရာဝန်တို့ သိခဲ့ရခြင်းဖြစ်သည်။

image