အိုဟိုင်းယိုးပြည်နယ်က အသက် ၄၅ နှစ်အရွယ် ဒေါ်နယ် “ချစ်ပ်” ပက်(Donald “Chip” Pugh) ဟာ ရာဇဝတ်မှုမျိုးစုံနဲ့ ရဲအဖွဲ့က အလိုရှိနေတဲ့ တရားခံတစ်ဦးပါ အဲ့လိုနဲ့ သူဟာ အရက်သေစာသောက်စားမူးယစ်ပြီး ကားမောင်းမှုနဲ့ တရားရုံးကို မလာရောက်နိုင်ခဲ့လို့ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ် ဒီလို ဖမ်းဝရမ်းထုတ်တဲ့အခါမှာ ရဲတပ်ဖွဲ့က ပက်ရဲ့ဓာတ်ပုံကို အွန်လိုင်းမှာ ဖော်ပြခဲ့ပြီး ပြည်သူတွေကို အကူအညီတောင်းခံခဲ့ပါတယ်
ဒီလို ဖော်ပြလိုက်တဲ့ ဓာတ်ပုံကို မြင်တဲ့အခါ ပက်ဟာ မကျေမနပ်ဖြစ်ခဲ့ပါတယ် သူက ဒီဓာတ်ပုံဟာ ရုပ်ဆိုးလွန်းတယ်လို့ ခံစားရပြီး “အဆင်မပြေတဲ့ ဓာတ်ပုံပါ ဒီပုံကတော့ ပိုကောင်းတဲ့ပုံပါ” လို့ ရေးသားပြီး ရဲတပ်ဖွဲ့ကို သူ့ရဲ့ကိုယ်တိုင်ရိုက် selfie ဓာတ်ပုံတစ်ပုံကို ပြန်ပို့ခဲ့ပါတယ်
ဒီအဖြစ်အပျက်ကို ရဲတပ်ဖွဲ့က စိတ်ဝင်စားပြီး ပက်ရဲ့ ကိုယ်တိုင်ရိုက်ဓာတ်ပုံနဲ့ သူတို့ရဲ့ မူရင်းဓာတ်ပုံနှစ်ခုစလုံးကို Facebook မှာတင်ကာ "သူ့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ သူ့ရဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဌာနကို လာရောက်တွေ့ဆုံပေးဖို့လည်း တောင်းဆိုပါတယ်" လို့ ရေးသားခဲ့ပါတယ်
ဒီလို ဖြစ်ရပ်ကြောင့် အွန်လိုင်းအသုံးပြုသူတွေကြားမှာ ပက်ဟာ လူသိများလာပြီး “Free Chip Pugh” ဆိုတဲ့ page တစ်ခုတောင် ပေါ်လာခဲ့ပါတယ် ပက်ကလည်း ဒေသခံ ရေဒီယိုအစီအစဉ်တစ်ခုမှာ "သူတို့ တင်ခဲ့တဲ့ ဓာတ်ပုံက ကျွန်တော့်ကို Thundercat (ကာတွန်းဇာတ်ကောင်) ဒါမှမဟုတ် James Brown (အဆိုတော်) လို ဖြစ်အောင် လုပ်ထားတယ် ဒီလိုပုံမျိုးနဲ့ ကျွန်တော် မနေနိုင်ဘူး" လို့ ပြောဆိုခဲ့ပါတယ်
နောက်ဆုံးမှာတော့ ပက်ကို ဖလော်ရီဒါပြည်နယ် စင်ချူရီမြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ် အခုတော့ ဒီအဖြစ်အပျက်ဟာ ပြစ်မှုကျူးလွန်သူနဲ့ ရဲတပ်ဖွဲ့ကြားက ရယ်စရာကောင်းတဲ့ အပြန်အလှန်ဆက်ဆံမှုတစ်ခုအဖြစ် လူသိများနေခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts