ရွှေတိဂုံဘုရားလမ်းမတွင် လမ်းဖြတ်ကူးသူ အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံး
စက်တင်ဘာ - ၂၄
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားလမ်းမတွင် လမ်းဖြတ်ကူးသူ အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး နေရာတွင်သေဆုံးသွားခဲ့ပါတယ်။
စက်တင်ဘာလ ၂၃ ရက် ညပိုင်းက အမျိုးသမီးတစ်ဦး ကားတိုက်ခံရကြောင်း သတင်းရရှိတဲ့ အတွက် ဖြစ်စဉ်နေရာသို့ မြို့ခံလူမှုကူညီရေးအသင်းမှ သွားရောက်ပြီး ရုပ်အလောင်းကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
သေဆုံးသူအမျိုးသမီး လမ်းဖြတ်ကူးတဲ့အချိန် ကားတိုက်ခံရတာဖြစ်ပြီး တိုက်သွားတဲ့ကားမှာ အိမ်စီးကားဖြစ်ပြီး ကားသမားလည်း ထွက်မပြေးဘဲ ကားတိုက်တဲ့နေရာတွင် ရှိနေခဲ့တယ် လို့ မြေပြင်တွင် သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။
ကားတိုက်ခံရသူ အမျိုးသမီးမှာ ဘယ်ဘက်လက်မောင်းရိုးပြုတ် ခြေသလုံးကျိုးကြေ နဖူးကွဲ ထိခိုက်ဒဏ်ရာများရရှိကာ နေရာတွင် သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။